စစ်တပ်ပိုင် မြဝတီဘဏ် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ဟု ဆို

 
စစ်တပ်က ပိုင်ဆိုင်၍ ဦးပိုင်က ဦးစီးလုပ်ကိုင်နေသည့် မြဝတီဘဏ်အနေနှင့် ငွေစုထားသူများ ယခုပုံစံအတိုင်း ငွေဆက်လုပ်ထုတ်နေမည်ဆိုပါက တစ်လနီးပါးပင် တောင့်ခံနိုင်တော့မည်မဟုတ်ဟု ဘဏ်ဝန်ထမ်းများက ဖုန်းဆက်၍ ပြောသည်။
"တစ်လတောင် မဟုတ်ဘူး။ ဒီအတိုင်းသာဆို တစ်ပတ်တောင် ခံပါ့မလား မသိပါဘူး" ဟု မြဝတီဘဏ်ဝန်ထမ်းက ဆိုသည်။
မြဝတီဘဏ်မှာ ဦးပိုင်ဟု လူသိများသည့် (မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) က ဦးစီးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအနက် တခုအပါအဝင်ဖြစ်ပြီး တပ်မတော်သားများ အထူးအားထားရသည့် ဘဏ်တစ်ခုဖြစ်သည်။
ဘဏ်ပြိုလဲနိုင်ခြေရှိနေသည်ကို ဘဏ်ဝန်ထမ်းများကလည်း စိုးရိမ်နေကြပြီး အပေါ်ပိုင်းတွင် တတ်သိပညာရှင်များ နည်းပါးသည့်အတွက် ယခုကြုံတွေ့နေရသည့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲရှိနေကြသည်ဟု သိိရသည်။
ဘဏ်များသည် ကာစတန်မာများက ၎င်းတို့ထံ စုဆောင်းထားသည့် ငွေများအားလုံးကို ငွေတိုက် (Vault) အတွင်း သိမ်းဆည်းပေးထားခြင်း မဟုတ်ဘဲ ငွေချေးခြင်း၊ ကျန်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်ခြင်းများတွင် ငွေလှည့်၍ အသုံးပြုလေ့ရှိကြသည်။
စုငွေများကို ဆက်တိုက်ထုတ်ယူပါက ဘဏ်တွင်ရှိနေသည့် ငွေမလုံလောက်မှု ဆက်တိုက်ဖြစ်လာနိုင်ပြီး ဘဏ်ပြိုလဲသည်အထိ ဖြစ်လာနိုင်သည်။

You can treat me a cup of coffee.

wave

Press ESC to close