ထီးလင်းတွင် ဖမ်းဆီးခံရသူလွတ်မြောက်ရေး တောင်းဆိုသူများကို ဖြိုခွဲရာ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

မကွေးတိုင်း ထီးလင်းမြို့တွင် လူသိများသည့် လူငယ်တစ်ဦးကို ရဲက ဖမ်းဆီးသွားရာမှ မြို့ခံများက ပြန်လွှတ်ပေးရန် တောင်းဆိုရာ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ရသူ ထီးလင်းမြို့ခံက ပြောသည်။

 

ဖမ်းခံရတဲ့ ညီလေး (ကိုအောင်ကောင်းမြတ်) က တမြို့လုံး သူ့ကို မသိကြတဲ့သူမရှိဘူး။ သူက ဆန္ဒပြပွဲတွေမှာဆိုလည်း ရှေ့ဆုံးက ပါတဲ့လူမျိုး။ အားလုံးက သိတယ်၊ ည ၈ နာရီကျော်လောက်မှာ သူ့ကို ဝင်ဆွဲတာဟု ထီးလင်းမြို့ခံက ဆိုသည်။

 

ကိုအောင်ကောင်းမြတ်ကို ဖမ်းဆီးသွားသည်ကို မြို့ခံများက ချက်ချင်း မသိလိုက်ကြဘဲ တနာရီကျော်အကြာတွင်မှ သိခဲ့ရပြီးနောက် လူ ၂၀၀ ကျော်ခန့် စုစည်းမိခဲ့ကြသည်။

 

ထို့နောက် ထီးလင်းမြို့၊ ဆရာတော် ဦးသောမနက စိတ်အေးအေးထားကြရန်နှင့် မြို့နယ်မှူးတို့ကို ဖုန်းဆက်၍ လွှတ်ပေးရန် ပြောရာတွင် ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်မပေးခဲ့ပေ။

 

လူဦးရေ ၂၀၀ ခန့်သည် ကိုအောင်ကောင်းမြတ်လွှတ်ပေးရေးအတွက် ရဲစခန်းရှေ့သို့ ချီတက်ခဲ့ရာ စခန်းရှေ့မရောက်မီပင် ရဲဝတ်စုံဝတ်ထားသူ လက်နက်ကိုင်တပ်ဖွဲ့၏ ကျည်အစစ်များ၊ ရာဘာကျည်များ အသုံးပြု၍ ဖြိုခွင်းခံရခြင်းဖြစ်သည်။

 

ရင်ဘတ်ကို မှန်ပြီး ပွဲချင်းပြီးသေတာ တယောက်ဗျ။ ပေါင်ကို ထုတ်ချင်းဖောက်မှန်တာ နှစ်ယောက်၊ စုစုပေါင်း ၇ ယောက်လောက် အပြင်းအထန် ဒဏ်ရရထားတယ်ဟု တောင်းဆိုရာတွင် ပါဝင်ခဲ့သူက ပြောသည်။

 

သေဆုံးသူမှာ ၂၃ နှစ်အရွယ် ကိုအောင်မြတ်လင်းဆိုသူဖြစ်ပြီး ထီးလင်းမြို့မှ သုံးမိုင်အကွာ (ဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခန့်) အကွာအဝေးရှိ ထန်းပင်ကုန်းရွာမှ ဖြစ်ပြီး ပစ်သတ်ခံရပြီးနောက် ၎င်း၏ရွာသို့ အလောင်းကို သယ်ဆောင်သွားပြီဟု ဆိုသည်။

 

ပြဿနာက မှုခင်းဆရာဝန်မရှိဘူးဗျာ။ ဆိုတော့ ဘယ်လိုလုပ်ရမယ် မသိဘူးဖြစ်နေတယ်၊ ကူညီပါဦးဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ရသည့် ထီးလင်းမြို့ခံက ဆိုသည်။

 

You can treat me a cup of coffee.

wave

Press ESC to close