မိုးကုတ်တွင် ယမန်နေ့ညက ၁ ဦးကျဆုံး၊ ၂ ဦးအပြင်းအထန် ဒဏ်ရာရထား

မိုးကုတ်မြို့ အောက်လယ်ဦးရပ်ကွက်မှာ ယမန်နေ့ညက ကင်းစောင့်နေသူထဲမှ ၃ ဦး ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံပို့ရာမှ သေနတ်ထိမှန်သူများအနက် ကြက်ခြေနီအဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

 

ယခု နေ့လယ်ပိုင်းတွင် ကျဆုံးသွားသူကို လိုက်ပို့နိုင်ရန် မိသားစုဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် မြို့ခံများက ဆေးရုံတွင် စောင့်ဆိုင်းလျက်ရှိသည်ဟု ဆိုသည်။

 

သို့သော် အာဏာလုစစ်ကောင်စီ၏ လက်ကိုင်တုတ်များက မြို့ခံများ နာရေးလိုက်ပို့မည်ကို လက်မခံဘဲ မိသားစုဝင်များသာ လိုက်ပို့ခွင့်ရှိမည်ဟု ဆိုသည့်အတွက် အပြန်အလှန်ငြင်းခုန်နေကြဆဲဖြစ်သည်ဟု ဆေးရုံရှေ့သို့ရောက်ရှိနေသူက ဆိုသည်။

 

ယမန်နေ့ည ၁၀ နာရီကျော်ခန့်က မင်းအောင်လှိုင်၏ လက်နက်ကိုင်ရဲနှင့် စစ်သားများက အောက်လယ်ဦးရပ်ကွက်ရှိ အတားအဆီးများကို လာရောက်ဖယ်ရှားရာမှ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။ ထို့နောက် ကင်းစောင့်နေသူများကို ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

You can treat me a cup of coffee.

wave

Press ESC to close