လိမ်ရတာ လွယ်လိုက်ပုံများ

လူလိမ် Page တွေ၊ အကောင့်တွေအောက် မျက်ကလူးဆန်ပြာနဲ့ သနားနေကြ၊ လှူနေကြ၊ အကဲပိုနေကြတဲ့ 'ရွာက အမျိုးတွေ' ကို တွေ့ရင် စိတ်ထဲ မကောင်းဘူး။ ပြဿနာက အဲ့ဒီလို အလိမ်ခံကြတဲ့ အကောင့်တွေ၊ လူတွေကပဲ မမဆောင်း ဗွီဒီယိုတွေကို ထိုင်ကြည့်နေတာ ဖြစ်သလို ယွန်းယွန်းလို၊ ကျားပေါက်ရဲ့ မိသားစုအရေးကိစ္စလိုမျိုးတွေမှာ အားတက်သရော မပြီးနိုင် မစီးနိုင် ဝင်ပါနေတဲ့ လူတန်းစားတွေ ဖြစ်နေတာပဲ။
 
ဒီလူတန်းစားက အရမ်း များလွန်းတယ်။
ကိုတေဇာဆန်းတင်တဲ့ ဓာတ်ပုံတွေ၊ စာတွေက စက်တင်ဘာလောက်ထိ ဘာတင်တင် Like 30K ကျော်၊ Share 5K ကျော်ကနေ ခုနောက်ပိုင်းမှာ တစ်ဝက်ကျော်လောက်ထိ ထိုးကျသွားတာ တွေ့တယ်။
 
ဒါပေမယ့် “အမေ့ကို လွမ်းလိုက်တာ” ဆိုပြီး နာမည်ပေးထားတဲ့ ကားပေါ်က ဒေါ်အောင်ဆန်းစုကြည် ဆင်းလာတဲ့ ဗွီဒီယိုအတိုလေးကို စာမျက်နှာတစ်ခုက တင်ထားတာ ကြည့်ရှူသူ တစ်ရက်တည်း 2M ရှိတယ်။
 
အဲ့ဒီ ရုပ်သံအတိုလေးကို တင်ထားတဲ့ စာမျက်နှာက ဘယ်ကမှန်း မသိသလို၊ နာမည်တောင် မည်မည်ရရ မရှိ။ အဲ့ဒီမှာလည်း အများစုက ခုနကပြောတဲ့ လူလိမ် Page တွေ အကောင့်တွေအောက် ဆပ်ဆလူးကြသူတွေ၊ ဆယ်လီ အတင်းအဖျင်းတွေကြား ပျော်မွေ့ကြသူ လူတန်းစားတွေပါပဲ။
 
ထရန့် ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက သတင်းဌာနတွေက သမန်ကာရှန်ကာ မေးခွန်းတွေ မေးနေတုန်း Trevor Noah ရဲ့ Daily Show က သတင်းထောက်က “ဘိုက်ဒန်သမ္မတဖြစ်ရင် အမေရိကန် နိုင်ငံဘာဖြစ်သွားနိုင်လဲ” လို့ ထရန့်ထောက်ခံသူကို မေးတယ်။ အမေရိကန်နိုင်ငံသား လူဖြူအမျိုးသမီးကြီးက “ကွန်မြူနစ်နိုင်ငံ ဖြစ်သွားနိုင်တယ်” တဲ့။
 
သမ္မတ အိုဘားမားကို ထောက်ခံပါတယ်ဆိုတဲ့ မြို့ကြီးတစ်ခုမှာ Amazon စက်ရုံအလုပ်သမားတွေက Jeff Bezos ကို မကြေနပ်ကြဘူး။ Amazon က ခေါင်းပုံဖြတ်တယ်ပေါ့။
 
အဲ… သမ္မတအိုဘားမားလက်ထက် အိမ်ဖြူတော် သတင်းမီဒီယာပြန်ကြားရေး ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ Jay Carney က လက်ရှိမှာ Amazon ရဲ့ Global Corporate ဌာနမှာ ဒုတိယအကြီးဆုံး။ အိုဘားမားကိုယ်တိုင်တောင် Amazon ကို တရားဝင် ကြော်ငြာ ပေးခဲ့ဖူးတယ်။
 
လိမ်ရတာ လွယ်လိုက်ပုံများ။

You can treat me a cup of coffee.

wave

Press ESC to close