ရန်ကုန်မြို့တွင်း ဖောက်ခွဲမှုများကို ဖ.ဆ.လ.တ ကြေညာ  

မတ်လမှ စတင်ကာ ရန်ကုန်မြို့တွင်း တော်လှန်မှုများအနက် ဖောက်ခွဲမှု စုစုပေါင်း (၃၀) ကျော် ဖောက်ခွဲခဲ့ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) က ယနေ့ ကြေညာလိုက်သည်။

 

ဖ.ဆ.လ.တ ၏ ဖောက်ခွဲမှုများအနက် မတ်လတွင် တစ်ကြိမ်၊ ဧပြီတွင် နှစ်ကြိမ်၊ မေလတွင် သုံးကြိမ်၊ ဇွန်လတွင် နှစ်ကြိမ် စုစုပေါင်း ရှစ်ကြိမ် ဖောက်ခွဲမှုမှာ စစ်ကောင်စီဘက်မှ အထိအခိုက်များခဲ့သည့် ဖောက်ခွဲမှုများဖြစ်သည်ဟု ကြေညာထားသည်။

 

ယင်းဖောက်ခွဲမှုများအနက် ရန်ကင်း ပြည်ထဲရေး ဝန်ကြီးဌာနရုံးနှင့် မင်္ဂလာဒုံ ထောက်ပို့တပ်ရင်းတို့ကဲ့သို့ နေရာများ ပါဝင်သည်ကို တွေ့ရသည်။ ထို့ပြင် နာမည်ကြီးခဲ့သည့် တာမွေ၊ ကျောက်မြောင်းမှ စစ်သုံးထရပ်ကားကို ဖောက်ခွဲခဲ့သည်မှာလည်း ဖ.ဆ.လ.တ ပင်ဖြစ်သည်။ 

 

ထုတ်ပြန်ချက်အရ ဖ.ဆ.လ.တ မှာ ယခုအချိန်မှ စတင်ဖွဲ့စည်းခြင်း မဟုတ်ဘဲ ပြောက်ကျားတိုက်ခိုက်မှုများ စတင်ချိန် မတ်လနှောင်းပိုင်းကတည်းက လှုပ်ရှားနေခဲ့ကြသည့် တော်လှန်ရေး အင်အားစုများကို စနစ်တကျ ပြန်လည်စုစည်းထားသည့်အဖွဲ့ဟု ဆိုသည်။

You can treat me a cup of coffee.

wave

Press ESC to close