ပလတ်စတစ် မနက်ဖြန်

ခုလောက်ဆို
ပန်းစည်းလေး ညှိုးခြောက်ရော့ပေါ့
သဘာဝ အစစ်မှာ
လစ်မစ် ရှိခဲ့လေသလား

 

သူ့ဆံစမှာ ရနံ့လှခဲ့
ပစ်ရန်ရွယ်ကိုး သူငြိုးထားလည်း
တစ်ပွင့် ပွင့် စီ၊ ခြယ်သ ညီသည်
သူ့ဆံပင်မှာ နှင်းဆီ လွင့်လွင့်။

 

သို့ပါသော်လင့်..
ခွင့်မြွတ်ခြွေကြား သူ့နှုတ်ဖျားက
ခြောက်ခြားစေစုန်း
နင့်ငါ မုန်းတယ်တဲ့။

 

မနက်ဖြန်တွေဟာ
ပန်းတွေပွင့်နေတတ်ပါသလား
ဖြစ်နိုင်ရင် ကျနော့်အတွက်
ပလတ်စတစ် ပန်းတစ်စည်းလောက်
ချန်ထားပေးပါ။

မမွှေးရင်တောင်
ကြွေ မကျတော့ဘူးပေါ့။

 

သူ မရတ်

 

You can treat me a cup of coffee.

wave

Press ESC to close