ရန်ကုန်လေဆိပ်မှ မူးယစ် ရဲအုပ်တစ်ဦး ကိုဗစ်ဖြစ်၍ သေဆုံး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျနေသည့် ရဲအုပ်တစ်ဦး ကိုဗစ်နှင့် သေဆုံးသွားပြီး ကျန် ၆ ဦးခန့်မှာလည်း ဆက်တိုက် ဖျားနေပြီး ဆေးကုသခွင့် မရရှိကြောင်း သတင်းရရှိသည်။

 

သေဆုံးသွားသူမှာ ရဲအုပ် ဝင်းလှိုင် ဖြစ်ပြီး သူက ကိုဗစ်ဖြစ်ပြီး သေသွားတယ်၊ ရိုးရိုးအရပ်သားအဖြစ် အသုဘ လုပ်ခိုင်းတယ်၊ ရဲမှန်းမသိအောင်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

ထို့ပြင် လေဆိပ်တာဝန်ကျသည့် ရဲများနေသည့် အဆောင်တွင်လည်း ၆ ဦးခန့်ဖျားနေပြီး ယင်းအဆောင်ကို ကြီးကြပ်သူက ယင်းဖျားနေသူများကို ဆေးခန်းသို့ ပေးမသွားဘဲ အဆောင်တွင်သာနေထိုင်ရန် တားမြစ်ထားသည်ဟု သိရသည်။

 

အဲ့ဒီမှာ ကြီးကြပ်သူက ရဲမှူး မိုးစိန်ဟု လေဆိပ်မှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ကလည်း ရန်ကုန်၊ အင်းစိန် မှုခင်းရဲတပ်ဖွဲ့ သင်တန်းကျောင်း အပတ်စဉ် ၁၈၉ မှ သင်တန်းနည်းပြနှင့် သင်တန်းသား အရာရှိ ၁၅၀ ကိုဗစ်ကူးစက်ခဲ့သေးသည်။

 

You can treat me a cup of coffee.

wave

Press ESC to close