ပြည်ထောင်စုလွှတ်တော်တွင် CDM လုပ်နေသည့် ဝန်ထမ်းများကို တာဝန်မှ ယာယီရပ်ဆိုင်း

နေပြည်တော် ပြည်ထောင်စုလွှတ်တော်တွင် CDM လုပ်နေသည့် ဝန်ထမ်းဦးရေ ၅၀ နီးပါးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်က အမိန့်ထုတ်ထားသည်။

 

ပြည်ထောင်စုလွှတ်တော် ဝန်ထမ်းအင်အားရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းကျော် ၄၈ ဦးမှာ CDM တွင် ပါဝင်နေပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ ပြန်လည် အလုပ်ဆင်းခိုင်းခဲ့သည်ဟု သိရသည်။ 

 

အမှန်က ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ၁၄ ရက်ထိ လွှတ်တော်တွေကို စစ်တပ်က သိမ်းထားတာ။ ဘယ်သူမှလည်း ဝင်လို့မရဘူး။ လွှတ်တော်ဂိတ်တွေကို တပ်က ပိတ်ထားခဲ့တာ။ ပြီးမှ ၁၅ ရက် ရုံးပြန်မတက်ရင် အရေးယူမယ်ဆိုပြီး လုပ်တာဟု သတင်းပေးလာသူက ဆိုသည်။ 

 

ထို့ကြောင့် ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဝန်ထမ်းအချို့ အလုပ်ပြန်လည်ဆင်းခဲ့ကြသည်ဟု သိရသည်။ တချို့မှ ၁၅ ရက်နေ့မှ စ၍ CDM တွင် ပါဝင်ခဲ့ကြသူများလည်း ရှိသည့်အတွက် ၁၅ ရက်နောက်ပိုင်းတွင် အလုပ်ပြန်လည် ဆင်းကြသူများလည်း ရှိပြန်သည်။

 

အလုပ် ပြန်ဆင်းတဲ့လူတွေကိုလည်း အရေးယူတာပဲ။ တရက်လောက် ပျက်ထားရင် လစာမဲ့ခွင့်ဆိုပြီး အရေးယူတယ်ဟု သတင်းပေးလာသူက ဆိုသည်။ 

 

ကျနော် ရရှိထားသည့် စာရွက်စာတမ်းများအရ အမှုထမ်းနှင့် အရာထမ်းဟူ၍ အမိန့်စာကို ခွဲခြားထုတ်ပြန်ထားပြီး စုစုပေါင်း တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသူ ၄၈ ဦးမှာလည်း မှန်ကန်သည်ကို တွေ့ရသည်။ 

 

ယခု အရေးယူမှုမှာ ပြည်ထောင်စုလွှတ်တော် တခုတည်းသာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် CDM လုပ်နေသူများလည်း ရှိသေးသည်။ သို့သော် ယင်းလွှတ်တော်များတွင် အရေးယူမှု တစုံတရာမရှိပေ။

 

တကယ်ကတော့ DG (ညွှန်ကြားရေးမှူးချုပ်) တွေနဲ့ဆိုင်တယ်။ ပြည်ထောင်စုလွှတ်တော် DG က ကြမ်းတယ်။ တခြားလွှတ်တော် DG တွေက သဘောထားပျော့ပျောင်းတယ်ပေါ့ဟု သတင်းပေးလာသူက ဆိုသည်။

 

လွှတ်တော်သုံးရပ်လုံးမှ ညွှန်ကြားရေးမှူးချုပ် အားလုံးမှာ အရပ်သားများ ဝန်ထမ်းများမှ အဆင့်ဆင့် ရာထူးတက်လာသူများမဟုတ်ဘဲ ယခင်တပ်မတော်မှ လွှတ်တော်သို့ ပြောင်းရွှေ့လာသူများသာ ဖြစ်သည်။ 

You can treat me a cup of coffee.

wave

Press ESC to close