မုတ်ဆိတ်မပါတဲ့ Religious Manual

အာဆာအဖွဲ့ ဓာတ်ပုံအသစ် ထွက်လာတော့ ခေါင်းဆောင်ဘေးမှာ မော်လဝီ (အစ္စလာမ်ဘာသာရေးဆရာ) တစ်ယောက် ပါလာတယ်။ အရင်က ပေါ်ပေါ်ထင်ထင် မတွေ့ရ။ အိုင်အက်စ်တို့၊​ ဘိုကိုဟရမ်တို့ အဖွဲ့တွေမှာလည်း ခေါင်းဆောင်တွေဘေးမှာ အမြဲတမ်း အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ ပါလေ့ရှိတယ်။
 
Shiraz Maher ရေးတဲ့ Salafi-Jihadism ဆိုတဲ့ စာအုပ်ဖတ်တော့ အကြမ်းဖက်အုပ်စုတွေမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါကြောင်း သိရတယ်။​
 
အကြမ်းဖက်သမားတွေဟာ ဘာသာရေးဆရာတွေကို ဘေးခေါ်ထားတာ အကြမ်းအားဖြင့် သူတို့လုပ်တာတွေဟာ မှန်တဲ့အကြောင်း၊ ဘာသာရေးအရ Validate လုပ်ပေးမယ့်လူပေါ့။ Religious Manual ခေါ်မလား။
 
Salafism တွေ၊ Jihadism တွေ၊ ဘိုကိုဟရမ်တွေ၊ အိုက်အက်စ်တွေနဲ့ အာဆာတွေသာ ကြည့်နေတာ။ ဟိုးအရင်ကတည်းက မင်းအောင်လှိုင်ကလည်း ဘေးနားမှာ ဘာသာရေးဆရာတွေခေါ်ထားတာကို သတိမထားဖြစ်ဘူး။ ကမ္ဘာ့မီဒီယာတွေနဲ့ ဟောလိဝုဒ်ရဲ့ ပုံဖော်ချက်အရ အကြမ်းဖက်သမားတွေ ဘေးနားရှိနေတဲ့ ဘာသာရေးဆရာတွေဆိုတာ AK47 ကို တစ်ဖက်က ကိုင်၊ လက်မှာ ပုတီးပတ်ထားတဲ့ မုတ်ဆိတ်ထူလဗြစ်နဲ့ ဘဲတွေပေါ့။
 
ခုတော့... AK မကိုင်၊ မုတ်ဆိတ်မပါဘဲ အနီရောင်သင်္ကန်းခြုံထားရင်လည်း အကြမ်းဖက်သမားရဲ့ Religious manual ဖြစ်နေနိုင်တယ်ဆိုတာ သဘောပေါက်လာရတော့တာပါပဲ။
 

You can treat me a cup of coffee.

wave

Press ESC to close