မြိတ်မှာ သပိတ်ဖြိုခွင်းမှု အနည်းဆုံး ၁ ဦးကျဆုံး

မြိတ်မြို့မှာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခံရပြီး အနည်းဆုံး ၁ ဦးကျဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေသည့်အတွက် သေဆုံးစာရင်းမြင့်တက်လာဖွယ်ရှိနေသည်ဟု မြိုခံများက ပြောသည်။

 

မြို့သစ်၊ ရွှေပြည်တန် လမ်းမကြီးနှင့် အင်းလေးမြိုင်ရပ်ကွက်တို့မှာ မင်းအောင်လှိုင်၏ လက်နက်ကိုင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်၊ ရာဘာကျည်အသံဗုံးများဖြင့် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

 

ကျမတို့အိမ်ရှေ့မှာဆို အနည်းဆုံး အချက် ၅၀ လောက်ရှိမယ်။ ခုထိ အပြင်မထွက်ရဲဘူး၊ ပုန်းနေရတုန်းပဲဟု သတင်းပေးလာသူက ဆိုသည်။ သတင်းပေးလာသည်မှာ နေ့လယ် ၂ နာရီခွဲရှိနေပြီဖြစ်သည်။ 

 

ရဲနှင့် စစ်တပ်မှာ ကားနှင့်ပတ်လျက်ရှိပြီး ကားပေါ်မှပင် ပစ်ခတ်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။ ရရှိထားသည့် ဗီဒီယိုဖိုင်များကို ကြည့်ရှုနားထောင်မှု အရ ပစ်ခတ်မှုများမှာ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ််နေသည်ဟု ယူဆရသည်။

 

You can treat me a cup of coffee.

wave

Press ESC to close