အန်ဂျီအို ဝန်ထမ်း ၂၃၀ ကျော်ကို အလုပ်မှ ရပ်နားကြောင်း စစ်ကောင်စီ အမိန့်ထုတ်  

 

အာဏာမသိမ်းမီက အစိုးရနှင့် ပူးတွဲအလုပ်လုပ်ခဲ့သည့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့များမှ ဝန်ထမ်း ၂၃၀ ကျော်ကို ပျက်ကွက်မှု များသည်ဟု ဆိုကာ အလုပ်မှ ရပ်နားလိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများထံ စစ်ကောင်စီက စာပို့ အမိန့်ထုတ်လိုက်သည်။

 

ရရှိထားသည့် စာရွက်စာတမ်းများအရ ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ တိုင်းနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနမှူးများအားလုံးနှင့် ညွှန်ကြားရေးမှူးများ အားလုံးထံ လိပ်မူပြီး ပျက်ကွက်သူများ အားလုံး (Work from home အပါအဝင်) တာဝန်မှ ရပ်စဲကြောင်းဟု စက်တင်ဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ပါရှိသည်။

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးတွဲလုပ်ကိုင်နေခဲ့သည့် အန်ဂျီအိုများမှာ UNICEF, WHO, UNOPS, CHAI, UNION, MPG, PGK, AHF, SCI, ATH, MHAA, MMA နှင့် PSI တို့ ဖြစ်ပြီး ဝန်ထမ်းများကို အန်ဂျီအိုများက လစာပေးကာ အစိုးရ၏လုပ်ငန်းများတွင် ပူးတွဲ လုပ်ကိုင်ရခြင်း ဖြစ်သည်။

 

အန်ဂျီအိုက အလုပ်ခေါ်တယ်၊ ခန့်ချင်ရင် အစိုးရဆီက အတည်ပြုချက် ယူရတယ်။ ဖြုတ်ချင်ရင်လည်း အစိုးရ ဖြုတ်လို့ရတယ်ပေါ့။ အလုပ်ကတော့ အစိုးရအတွက် လုပ်ပေးရတာ၊ အန်ဂျီအိုက လစာပေးတယ်၊ နည်းပညာအထောက်အကူပေးတယ်ဟု သတင်းရင်းမြစ်တစ်ဦးက လုပ်ငန်း သဘောကို ရှင်းပြသည်။

 

အာဏာသိမ်းလိုက်ပြီးသည့်နောက် ယင်းကဲ့သို့ အစိုးရနှင့် ပူးတွဲလုပ်ခဲ့သည့် အန်ဂျီအိုများမှ ဝန်ထမ်းအများစုမှာ အစိုးရအတွက် အလုပ်လုပ်မပေးလိုတော့သော်လည်း အချို့မှာ အိမ်မှာ အလုပ်လုပ်ပေးနေခဲ့သည်များ ရှိခဲ့သည်။ 

 

အချို့ အဖွဲ့တွေကတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုပြီး စစ်ကောင်စီအတွက် အလုပ်လုပ်လို့တော့ မပြောဘူး၊ ဒါပေမယ့် အလုပ်မလုပ်ရင်တောင်မှ ပရောဂျက်ရှိတဲ့မြို့တွေမှာ သွားနေခိုင်းတာမျိုးတော့ ရှိတယ်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်ချက်အရ “Field Finance Assistant နှင့် External Assistant” များ အများဆုံး ပါဝင်ပြီး စုစုပေါင်း ၂၃၄ ဦးဖြစ်သည်။

 

ထို့ပြင် လူပုဂ္ဂိုလ် လုံခြုံရေး၊ သတင်းလုံခြုံရေးအတွက် ရပ်စဲထားသူများအား (လုံးဝ) ဝင်ထွက်ခွင့် မပြုရန်နှင့် နောက်နောင် Project များမှ ခန့်ထားရန် ရှိပါက နောက်ကြောင်း ကင်းရှင်းမှု ရှိ/မရှိ စိစစ်ပြီးမှ သာ ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီး ခန့်ထားရန်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဝန်ထမ်းတွေကတော့ ဘာလုပ်ရမှန်း မသိဘူး။ အန်ဂျီအိုတွေဘက်က Job Description (လုပ်ငန်းတာဝန် သတ်မှတ်ချက်) တွေ ပြောင်းပေးမလား၊ ဘယ်လိုလုပ်ရမလဲ မပြောတတ်ဘူးဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

 

You can treat me a cup of coffee.

wave

Press ESC to close