မနက်ဖြန် MAI လေကြောင်းဖြင့် ခရီးသွားမည့်သူများအနက် အချို့ကို ဖမ်းဆီးရန် စစ်ကောင်စီက စီစဉ်ထား  

မနက်ဖြန် (ဇူလိုင် ၁၆) ရက်တွင် Myanmar Airways International လေကြောင်းလိုင်းဖြင့် ဒူဘိုင်းသို့ သွားမည့်ခရီးသည်များအနက်မှ အချို့ကို စစ်ကောင်စီက ဖမ်းဆီးရန် ပြင်ဆင်ထားသည်ဟု သတင်းရရှိသည်။


Mratt's Channel က ရရှိထားသည့် MAI ၏ ခရီးသည် စာရင်းအရ ခရီးသည် စုစုပေါင်း ၁၃၄ ဦးရှိပြီး အများစုမှာ မြန်မာနိုင်ငံသားများဖြစ်သည်။ ဂျပန်ခရီးသည်နှင့် အိန္ဒိယ ခရီးသည်တစ်ဦးကိုလည်း တွေ့ရသည်။

 

"အဓိကကတော့ ကိုယ့်ဘာသာ သိပ်မလုံခြုံဘူးထင်ရင် သတိထားဖို့ပါ" ဟု သတင်းပေးလာသူက ဆိုသည်။

 

You can treat me a cup of coffee.

wave

Press ESC to close