မကွေး ရေစကြို ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီက ရွာများကို မွှေနှောက်နေ  

 

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရွာတိုင်းနီးပါးကို စစ်ကောင်စီ တပ်တွေက တစ်ရွာဝင်တစ်ရွာထွက် စစ်ဆေးမွှေနှောက်နေပြီး ဒီနေ့ နေ့လယ်က ရွှေလှံရွာကိုလည်း မီးရှို့သွားတယ်လို့ မြင်တွေ့ရသူ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁၂ နာရီလောက်မှာ ဒေသခံပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား ထိတွေ့မှုတွေ ရှိခဲ့ပြီး အနီးဝန်းကျင်က ရွာမှာရှိတဲ့ တချို့အိမ်တွေကို ပီဒီအက်ဖ်တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စွပ်စွဲပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"တိုက်ပွဲဖြစ်နေတုန်းမှာ ကျဆုံးတာ မရှိပေမယ့် တိုက်ပွဲဖြစ်ပြီး လူစုပြန်ခွဲချိန်လို့ယူဆရချိန်မှာ မြစ်ဆုံကျေးရွာသား တချို့ ကျသွားတယ်လို့သိရပါတယ်" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ နှစ်ဖက် အကျဆုံးစာရင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါ။

ရွှေလှံရွာဟာ ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပီဒီအက်ဖ်တွေကြား ထိတွေ့မှု ခပ်စိပ်စိပ်ဖြစ်ခဲ့တဲ့ ရေလယ်ကျွန်းဒေသထဲမှာ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များက "မြောင်မြို့ဘက်ကနေ လာတာ၊ ရွာစဉ်တောက်လျှောက်ဝင်လာတာ၊ ရွာတစ်ရွာကို မဝင်ခင်မှာ သေနတ်ဖောက်လေ့ရှိတယ်။ ပြီးတော့ ရွာသားတွေ ပြေးမှ ရွာကိုဝင်တာ" လို့ ရွာခံတစ်ဦးက ဆိုပါတယ်။

မကွေး ရေစကြိုဝန်းကျင် ဒီနယ်မြေကို စစ်ကောင်စီက တောက်လျှောက်ဖိအားပေး စစ်ဆင်ရေးလုပ်နေခဲ့တာ အောက်တိုဘာ လကုန်ပိုင်းလောက်ကတည်းက ဖြစ်ပါတယ်။

 

 

You can treat me a cup of coffee.

wave

Press ESC to close