ရန်ကုန်ရှိ ဦးကျော်မိုးထွန်း ဖခင်၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်  

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဖခင်နေထိုင်သည့် ရန်ကုန်ရှိ နေအိမ်ကို ယမန်နေ့ စက်တင်ဘာ ၂၁ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့သည်။

 

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ဦးကျော်မိုးထွန်း၏ ဖခင် နေထိုင်သည့် လုံးချင်းအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက နေ့လယ်ပိုင်းတွင် လာရောက်ချိတ်ပိတ်သွားခြင်း ဖြစ်သည်။

 

"အိမ်မှာ လူမနေတာတော့ ကြာပြီ၊ အလွတ်ဖြစ်နေတာ" ဟု သတင်းရင်းမြစ်က ဆိုသည်။

 

ပြီးခဲ့သည့် နှစ်လခန့်က ယခုချိတ်ပိတ်သွားသည့် အိမ်ရှေ့သို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်၍ ဓာတ်ပုံရိုက်ယူခဲ့ဖူးပြီး ယမန်နေ့ နေ့လယ်တွင်မှ ချိတ်ပိတ်သွားခြင်း ဖြစ်သည်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အဖြစ် ဆက်လက် ခန့်အပ်ထားရေးမှာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲပင်။

 

ယင်းအချိန်တွင် “ဖိအားပေးလိုခြင်းကြောင့်” သံအမတ်ကြီး၏ မိသားစုဝင်ပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

You can treat me a cup of coffee.

wave

Press ESC to close