CRPH နဲ့ မပတ်သက်ဖို့ စူပါမားကက်များကို စစ်ကောင်စီ သတိပေး

စူပါမားကက်တွေနဲ့ နာမည်ကြီးစတိုးဆိုင်များရဲ့ မန်နေဂျာနဲ့အကြီးအကဲများကို CRPH နဲ့ လုံးဝမပတ်သက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ဆိုင်တွေရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြပါတယ်။

 

မတ် ၂၅ ရက် မနက် ၇ နာရီက မြို့တော်ခန်းမကို သက်ဆိုင်ရာ ဆိုင်အကြီးအကဲတွေကို ခေါ်ယူခဲ့ပြီး ရန်ကုန် ၇ မိုင်ခွဲ ကုန်းမြင့်သာကို ထပ်မံခေါ်ယူခဲ့ပါတယ်။

 

အဲ့ဒီနောက် ရန်ကုန်တိုင်းမှူးက ၁၀ မိနစ်ခန့် ပြောဆိုရာတွင် “CRPH နှင့် မပတ်သက်ရန်နှင့် ပတ်သက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောဆိုပြီး ဆိုင်တာဝန်ရှိသူတွေကို ပြန်လွှတ်လိုက်တယ် လို့ဆိုပါတယ်။

 

မတ် ၂၄ ရက်ညတုန်းကတော့ စူပါမားကက်နဲ့ နာမည်ကြီးစတိုးဆိုင်များက မန်နေဂျာတွေနဲ့ ဆိုင်တာဝန်ခံတွေကို ဆူးလေမြို့တော်ခန်းမကို ခေါ်ယူခဲ့ပြီး ဖုန်းများလည်း ပိတ်သိမ်းထားခဲ့ကာ တစ်ညတာ ထိန်းသိမ်းထားခဲ့သေးသည်။

 

 

 

 

You can treat me a cup of coffee.

wave

Press ESC to close