WHO နှင့် INGO ဝန်ထမ်းများကို စစ်ကောင်စီ ခြိမ်းခြောက်၍ အလုပ်ပြန်ဝင်ခိုင်းနေ  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များ၏ အထောက်အပံ့ဖြင့် ဝန်ကြီးဌာနများတွင် ခန့်ထားခဲ့သည့် ကုလဝန်ထမ်းများကို အလုပ်လုပ်ကိုင်ခြင်း မရှိဟုဆိုကာ အစိုးရလုပ်ငန်းခွင်တွင် ပြန်ဝင်ရန် မင်းအောင်လှိုင်၏ စစ်ကောင်စီက စတင်ခြိမ်းခြောက်နေပြီဖြစ်သည်။  

 

အဆိုပါ ဝန်ထမ်းများမှာ ယခင်အစိုးရ လက်ထက်ကတည်းက ကျန်းမာရေး ဦးစီးဌာနအောက်တွင် အလုပ်လုပ်နေကြသည့် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာအဖွဲ့အစည်းများက လစာပေးထားသည့် ဝန်ထမ်းများဖြစ်သည်။

 

ဝန်ထမ်းအများစုမှာ စစ်အာဏာသိမ်းမှုကြောင့် လတ်တလောလုံခြုံရေးအခြေနေများအရ အိမ်တွင်နေထိုင်ကာ အလုပ်လုပ်နေသောဝန်ထမ်းများနှင့် CDM တွင်ပါဝင်နေသော ဝန်ထမ်းများ ဖြစ်သည်။ အာဏာသိမ်းမှု စတင်ကတည်းက အဆိုပါ ကုလဝန်ထမ်းများမှာ CDM လုပ်နေခဲ့ကြသော်လည်း ဝန်ထမ်းအချို့မှာမူ ပြန်လည်လုပ်ငန်းခွင်ဝင်နေကြပြီ ဖြစ်သည်။

 

UNနဲ့ INGO ကခန့်ထားတဲ့သူတွေကို CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းတွေ နေရာမှာ အစားထိုးပြီး လုပ်ငန်းပြန်လည်ပတ်နိုင်အောင် ကြိုးစားနေတာ” ဟု သတင်းပေးလာသူက ဆိုသည်။

 

 

You can treat me a cup of coffee.

wave

Press ESC to close