ပြင်ဦးလွင်တွင် ဖမ်းခံရသူ နှစ်ဦးမှ ဆက်စပ်၍ မန္တလေးမှ တော်လှန်ရေးသမားများကို တောက်လျှောက် ဖမ်းနေ

ပြင်ဦးလွင်တွင် ဇူလိုင် ၃၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် မြေအောက်တော်လှန်ရေးသမား နှစ်ဦး၏ အဆက်အသွယ်များကို ခြေရာခံ၍ မန္တလေးနှင့် အမရပူရရှိ တော်လှန်ရေးသမားများကို ဆက်တိုက်ဖမ်းဆီးနေသည်ဟု သတင်းရရှိသည်။

 

ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်နိုးနှင့် ကိုစိုး ဆိုသူတို့ ဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာစဉ် ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များကို ခြေရာခံ၍ မန္တလေး၊ အမရပူရရှိ တော်လှန်ရေးသမားများကို ရှာဖွေလျှက်ရှိနေသည်။

 

“ဇော်နိုးက ဖုန်းဆက်ပြီး နောက်တယောက်ကို ဆက်ဖမ်းတယ်။ အဲ့ဒီတယောက်က လက်နက်ပေးချင်လို့ပါဆိုပြီး ထပ်ဖုန်းဆက်လို့ နောက်တယောက် ထပ်ဖမ်းခံလိုက်ရတယ်။ လောလောဆယ် သိရသလောက် ၅ ယောက် ဖမ်းခံထားရတယ်” ဟု သတင်းပေးလာသူက ဆိုသည်။

 

ဇော်နိုးဆိုသူ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီက မထုတ်ပြန်သေးဘဲ ၎င်းဆီမှ ရရှိသည့် အချက်အလက်များနှင့် ဆက်စပ်ဖမ်းဆီးခံရသူများကို အသုံးချ၍ ကျန် တော်လှန်ရေးသမားများကိုပါ ဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။

 

“ဇော်နိုးက ဖုန်းဆက်ပြီး ကျန်တဲ့လူတွေကို ဆက်ခေါ်နေတယ်။ မနေ့က တယောက်ဆိုရင် ဇော်နိုးက ဖုန်းဆက်ခေါ်လို့ ထွက်သွားတာ စစ်ခွေးတွေက ကားနဲ့တိုက်ပြီး ဖမ်းသွားတယ်” ဟု ဆိုသည်။

 

You can treat me a cup of coffee.

wave

Press ESC to close