စစ်ကိုင်းနဲ့ တနင်္သာရီ

စစ်ကိုင်းက ‘အချင်းချင်းဖြစ်ကြတဲ့ ကိစ္စတွေ' ကို အဲ့ဒါတွေဖြစ်နေတဲ့ မနှစ်က အောက်တိုဘာ လောက်ကတည်းက သိခဲ့ပါတယ်။ နာမည်၊ လူ၊ ရက်စွဲ၊ အတိအကျ၊ အပြည့်အစုံ ရခဲ့တယ်။
 
တတ်နိုင်တဲ့လမ်းကြောင်းတွေကနေ ဆုံးဖြတ်ချက် ချနိုင်သူတွေထံရောက်အောင် ပြောခဲ့ပါတယ်။ ဘာမှတော့ မထူးခဲ့။
 
စစ်ကိုင်းလိုမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေထဲ အာဏာ အလွဲသုံးစားလုပ်တာ ဟိုးအောက်ဘက် တနင်္သာရီထဲမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ/ဒီဇင်ဘာလောက်က သတင်း/ဖြစ်စဉ်တွေ အတိအကျ သိရှိရပါတယ်။ ရသလောက်လည်း ဆုံးဖြတ်နိုင်သူတွေဆီ ရောက်အောင် ပို့ပေးလိုက်ပါတယ်။
 
သတင်းထောက်တွေကို ယုံလို့ ပေးပို့လာကြတာပါ။ သတင်းထောက်တွေကို မပို့ခင် ဆုံးဖြတ်နိုင်သူတွေဆီ ပေးပို့ ကြိုးစားခဲ့ပြီးဖြစ်လို့ သိသင့်သိထိုက်သူတွေ သိကြပြီးမှ သတင်းထောက်တွေဆီ ရောက်တာပါ။
 
နောက်တစ်ခုကတော့ ဆုံးဖြတ်နိုင်သူက ဘယ်သူမှန်းမသိ၊ ဘယ်ဦးဆောင်သူက ဘယ်အဖွဲ့ဘက်ကို လိုက်မှန်း မသိတော့ ဒီလိုကိစ္စမျိုးတွေကို အပေါ်ကို ပို့ကြသူတွေမှာလည်း ဘယ်သူ့ အဖေခေါ်ရမှန်း မသိကြ။
 
နောက်ဆုံးတော့ သတင်းထောက်တွေဆီကို ရောက်လာတာပါပဲ။ ဘာလို့လဲဆိုရင် ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာက လူတွေက အမှုကိစ္စတွေကို မကိုင်တွယ် မဖြေရှင်းဘဲ ထားလို့ပါပဲ။
 
ပါ့ဗလစ်ကို ကြေညာပြီး ဖြေရှင်းသင့်တာတွေ ရှိသလို အဖွဲ့အချင်းချင်းကြား ညှိနှိုင်းပြီး ဖြေရှင်းလို့ရမယ့် ကိစ္စတွေလည်း ရှိမှာပါခင်ဗျာ။
 
 

You can treat me a cup of coffee.

wave

Press ESC to close