ရှင်းဟန်ဘဏ်က ဝန်ထမ်းများကို မဖြစ်မနေ ရုံးတက်စေခဲ့

ရန်ကုန်မြို့ရှိ ကိုရီးယားဘဏ်တစ်ခုဖြစ်သည့် ရှင်းဟန်ဘဏ် (Shinhan Bank) ဝန်ထမ်းများမှာ အာဏာသိမ်းကာလာအတွင်း အိမ်မှအလုပ်လုပ်ခွင့်မရခဲ့ဘဲ မဖြစ်မနေရုံးတက်နေခဲ့ရသည်ဟု နိုင်ငံခြားဘဏ်အသိုင်းအဝိုင်းမှ သိရသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ၁၇ ခုရှိသည့်အနက် ကိုရီးယားဘဏ်များဖြစ်သည့် Shinhan Bank, The Korea Development Bank, KB Bank Myanmar, IBK Myanmar တို့ဖြစ်ပြီး ကျန်နိုင်ငံခြားဘဏ်များက အိမ်မှအလုပ်လုပ်ခွင့်ရခဲ့သော်လည်း ကိုရီးယားဘဏ်အများစုမှာ မဖြစ်မနေ ရုံးတက်ခဲ့ကြရသည်။

 

မတ် ၃၁ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဦးချစ်မောင်လမ်းတွင် ဖယ်ရီကားပေါ်တွင် လိုက်ပါလာသည့် ရှင်းဟန်ဘဏ်ဝန်ထမ်း မစုစုကြည်မှာ မင်းအောင်လှိုင်၏ အကြမ်းဖက်တပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုကျည်ထိမှန်ကာ သေဆုံးခဲ့သည်။

 

ထို့သေဆုံးခဲ့သည့်ဖြစ်ရပ်အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်က ရှင်းဟန်ဘဏ်သို့ ဖြစ်စဉ်ကို တင်ပြရန် စာပို့ခဲ့သော်လည်း ဧပြီ ၁ ရက်နေ့ထိ စာပို့အကြောင်းပြန်ခဲ့ခြင်း မရှိသေးသည်ကို ဗဟိုဘဏ်၏စာတွင် တွေ့ရသည်။

 

Mratt Channel က ရရှိထားသည့် ဗဟိုဘဏ်၏ စာတွင် တပ်ဖွဲ့ဝင်များမှ အဆိုပါ ကြို/ပို့ယာဉ်အား ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း ရပ်တန့်ခြင်း မရှိ၍ မော်တော်ယာဉ်အား ပစ်ခတ်ခဲ့သည်ဟု ပါရှိသည်။

You can treat me a cup of coffee.

wave

Press ESC to close