ဒုချုပ် စိုးဝင်း ယနေ့ နေ့လယ် ကမ္ဘာအေးဘုရားသို့ လာမည်

အာဏာလု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ယနေ့ နေ့လယ် ကမ္ဘာအေးဘုရားသို့ လာရောက်မည်ဟု သိရသည်။

 

ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာ ကမ္ဘာအေး ဘုရားဝင်းအတွင်း လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး မနေ့ကနှင့် ယနေ့ နံနက်ပိုင်းများတွင် လုံခြုံရေးယူရန် စစ်သားများ ရောက်ရှိနေခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

 

ဒုချုပ် စိုးဝင်းသည် ယမန်နေ့ကလည်း ဦးဝိစာရလမ်း၊ ကန်တော်မင် (ဦးဥတ္တမ ပန်းခြံ) အနီးရှိ စစ်ဆေးရုံ (၂) သို့ လာရောက်ခဲ့သေးသည်။

 

ရန်ကုန်မြို့ အင်းလျားလမ်းရှိ ၎င်းနေထိုင်ရာ အိမ်နှင့် မင်းအောင်လှိုင်နေထိုင်ရာ အိမ်ဝန်းကျင်တွင် ယမန်နေ့ညက လုံခြုံရေး စစ်ကားများ အများအပြား ရောက်ရှိနေခဲ့ကြသည်။

 

ယခုကဲ့သို့ ဒုချုပ်စိုးဝင်း ရန်ကုန်မြို့တွင်း ခြေရှုပ်နေချိန်တွင် မင်းအောင်လှိုင်မှာ ရုရှားသို့ ရောက်ရှိနေသည်။

You can treat me a cup of coffee.

wave

Press ESC to close