စစ်သား နဲ့ မူးယစ်ဆေး  

ရုတ်တရက် ခေါင်းစဉ်ကြည့်လိုက်ရင် သိပ် မအပ်စပ်ဘူးလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးကို အကြီးအကျယ်သုံးစွဲခဲ့ပြီး စစ်ပွဲတစ်ပွဲကို အနိုင်တိုက်နိုင်ခဲ့တဲ့ မိုက်ရူးရဲစစ်သားတွေ ကမ္ဘာ့သမိုင်းထဲ ရှိခဲ့ပါတယ်။ ဟုတ်ပါတယ် နာဇီဂျာမန်တွေပါပဲ။

 

နိဒါန်းက ဒီလိုပါ။

နီဇီတပ်တွေဟာ ပိုလန်ကိုသိမ်းပိုက်မယ်ဆိုပြီး ဂျမနီအရှေ့ပိုင်းကို ဦးတည်နေချိန်မှာ နိုင်ငံအနောက်ပိုင်းမှာ ပြင်သစ်နဲ့ဗြိတိန် မဟာမိတ်တပ်တွေ ရောက်နေခဲ့ပါတယ်။ ဒါကြောင့် ဂျာမနီဟာ သူ့ စစ်မျက်နှာပြင်ကို နိုင်ငံအနောက်ပိုင်း ပြင်သစ်နဲ့ နယ်စပ်ချင်းထိနေတဲ့ ဘယ်ဂျီယံနဲ့ ဘယ်ဂျီယံရဲ့ အရှေ့မြောက်ဘက်က ဒိန်းမတ်ကို စပြီး ကျူးကျော်ပါတော့တယ်။ အဲ့ဒီနောက် နော်ဝေကို တစ်ဆက်စပ်တည်း သိမ်းခဲ့ပါတယ်။

 

ပြင်သစ်ဟာ ဂျာမနီနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ သူရဲ့ အရှေ့ မြောက်ဘက်က ခြံစည်းရိုးတွေကို ပထမကမ္ဘာစစ်ကို နမူနာယူပြီး လုံခြုံအောင် လုပ်ထားခဲ့တာပါ။ ဒါပေမယ့် ဂျာမန်တပ်တွေဟာ ပြင်သစ်မျှော်လင့်ထားတဲ့ လမ်းကနေ မလာဘဲ ဘယ်ဂျီယံနဲ့ ဒိန်းမတ်ကို အောင်နိုင်ပြီးတဲ့အချိန်မှာ နယ်စပ်မျဉ်းကနေ ပြင်သစ်နိုင်ငံ ဆီဒန်မြို့ဆီကို ချီတက်လာခဲ့ပါတော့တယ်။

 

တကယ်တော့ ပြင်သစ်တပ်တွေဟာ ဂျာမန်တပ်တွေထက် ပိုပြီး အင်အားတောင့်တင်းသလို၊ နည်းပညာအားဖြင့်လည်း အသာစီးရနေခဲ့တဲ့အတွက် ဂျမန်ဗိုလ်ချုပ်ကြီးတွေဟာ ပြင်သစ်ကို မကျူးကျော်ဖို့၊ အထူးသဖြင့် ပြင်သစ်နဲ့ဗြိတိန်မဟာမိတ်တွေနဲ့ မတိုက်ဖို့ ဟစ်တလာကို တားကြပါသေးတယ်။ ဒါပေမယ့် ဟစ်တလာက ငြင်းခဲ့ပါတယ်။

 

အင်အား၊ နည်းပညာ၊ နယ်မြေအနေအထားအရရော အသာစီးရထားတဲ့ ပြင်သစ်ရဲ့ တွေးခေါ်ပုံက ဒီလိုပါ။ တကယ်လို့ ဂျာမန်တပ်တွေဟာ ဘယ်ဂျီယံနိုင်ငံနယ်နမိတ်ကနေလာရင် ပြင်သစ်နိုင်ငံ ဆီဒန်မြို့ကို ရောက်ဖို့ နှစ်ပတ်တိတိကြာမယ်လို့ တွေးထားခဲ့ပါတယ်။ ဒါပေမယ့် နာဇီဂျာမန်စစ်သားတွေဟာ ၃ ရက်တည်းနဲ့ ဆီဒန်မြို့ကို ရောက်ခဲ့ပါတယ်။ အဆုံးကို ပြောရရင် ဆီဒန်မြို့ကို သိမ်းပြီး ၅ ရက်အတွင်းမှာပဲ ပြင်သစ်နိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ်။

 

ပြောချင်တာက ခုမှ စတာပါ။ ၂ ပတ်ကြာမယ့် ခရီးကို နာဇီတပ်တွေဟာ ၃ ရက်တည်းနဲ့ ဘယ်လိုရောက်လာခဲ့သလဲ...?

 

အဖြေက မသ်ဖတမင်း (ယနေ့ အခေါ် ယာဘ လိုမျိုး) မူးယစ်ဆေးကြောင့်ပါပဲ။

တကယ်တော့ ပထမကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တာရော၊ ဘယ်ဂျီယံ၊ ဒိန်းမတ်နဲ့ နော်ဝေတို့ကို သိမ်းပိုက်ခဲ့ရတဲ့ စစ်ပွဲတွေကြောင့် ဂျာမန်စစ်သားတွေဟာ စိတ်ဓာတ်ရေးရာ ပျက်ပြားနေခဲ့ကြပါတယ်။ စစ်မတိုက်ချင်၊ ပြောရရင် လူမသတ်ချင်ကြတော့ပါဘူး။ ဒါပေမယ့် ဒီ ပါဗစ်တင်ဆေးတွေကို စားလိုက်တာနဲ့ အလိုလိုတက်ကြွလာပြီး အဲ့ဒီတုန်းက အသုံးအနှုန်း ‘Superhuman’ အာဂလူသားတွေ ဖြစ်လာကြတာပါပဲ။ ပြီးတော့ လူစိတ် ကင်းမဲ့လာခဲ့ကြပါတယ်။

 

အဲ့ဒီကာလ ၁၉၄၀ တုန်းကတော့ Crystal Meth လို့တော့ မခေါ်သေးပါဘူး။ အဲ့တုန်းက မူးယစ်ဆေးနာမည်က ပါဗစ်တင် (Pervitin) ပါတဲ့။ အဲ့ဒီဆေးကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ တမ္မလာ (Temmler) ဆိုတဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ ဒီဆေးကို အဓိက သုံးကြသူတွေက တင့်ကားမောင်းသူ (Panzers fighters) တွေနဲ့ Night Fighter လို့ခေါ်တဲ့ ညတိုက်ခိုက်ရေးသမားတွေ ဖြစ်ပါတယ်။

 

ကမ္ဘာ့သမိုင်းပညာရှင်တွေ၊ စစ်သမိုင်းဆေးပညာရှင်တွေရဲ့ အဆိုအရ ဆီဒန်မြို့ကို သိမ်းပိုက်ခဲ့တဲ့ပွဲမှာ နာဇီစစ်သားတွေဟာ ဒီ ပါဗစ်တင်ဆေးပြားတွေကို သကြားလုံးတွေလို စားခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ ၂ ပတ်ကြာမယ့် ခရီးကို ၃ ရက်ညမအိပ်ဘဲ ချီတက်လာခဲ့ကြတာဖြစ်ပါတယ်။

 

ဂျာမန်စစ်သားတွေဟာ လပေါင်းများစွာ ဒီဆေးကို သုံးခဲ့ကြပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုးတွေ ခံစားလာခဲ့ရပေမယ့် သေမှာလုံးဝ မကြောက်ကြတော့ဘဲ ဆေးမရမှာကိုသာ ကြောက်ခဲ့ကြတယ်လို့ သမိုင်းဆရာတွေက ဆိုကြပါတယ်။

 

စစ်သားတွေဟာ စိတ်ဓာတ်ကျ၊ စစ်လည်းမတိုက်ချင်၊ လူမသတ်ချင်ပေမယ့် တချို့အခြေအနေတွေမှာ လူစိတ်ကင်းမဲ့တဲ့ ဖြစ်ရပ်မျိုးတွေလုပ်ကြရင် ဘာကြောင့်ဒီလိုတောင် လုပ်ရက်ကြတာလဲဆိုပြီး သာမန်လူတွေက စဉ်းစားနိုင်ပါတယ်။ နာဇီဂျာမန်တွေရဲ့ ပြင်သစ် ဆီဒန်ကို တိုက်ခိုက်ခဲ့တုန်းက အခြေအနေတွေပေါ် အခြေခံပြီး ပြောကြတာကတော့ “စိတ်ဓာတ်ကျနေတဲ့ စစ်သားတွေ ဘာကြောင့် လူစိတ်မရှိရတော့တာလဲဆိုရင် မူးယစ်ဆေးကြောင့်ပါပဲ” လို့ ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close