ကုလ နဲ့ မြန်မာ

UN Department for General Assembly and Conference Management (dgacm) က ယခုနှစ် ဇွန် ၉ ရက်နေ့က တရားဝင် ထုတ်ပြန်ထားတဲ့ ကမ္ဘာတဝန်းက နိုင်ငံခေါင်းဆောင်တွေ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ပါနေဆဲပဲ ဖြစ်ပါတယ်။ (အဆုံးထိ ဖတ်ပေးပါ)

 

ဒီစာရင်းဟာ လူတိုင်းကြည့်နိုင်တဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ dgacm ရဲ့ လင့်လဲ ဖြစ်ပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ခဲ့တာဖြစ်လို့ အပ်ဒိတ်ဖြစ်ပါတယ်။

 

အဲ့ဒီမှာ ရေးထားတာက ဒေါ်အောင်ဆန်းစုကြည်ကို "နိုင်ငံတော် အတိုင်ပင်ခံ" အတိုင်းပဲ ထားသေးပြီး ဦးဝင်းမြင့်ကိုလည်း "နိုင်ငံတော်သမ္မတ" အဖြစ် ဆက်ထားတုန်းပဲ ရှိပါသေးတယ်။ ထပ်ပြောလိုတာက ဇွန် ၉ ရက်က အတည်ပြုတာမှာ ဒီနာမည်တွေကို မဖယ်ရှားသေးပါ။

 

ဒါပေမယ့် သတိချပ်သင့်တာက ဒီနာမည်တွေကို အတည်ပြုခဲ့တာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ စ တက်တက်ခြင်း ၂၀၁၆ တုန်းက အတည်ပြုခဲ့တာ ဖြစ်ပြီး ဦးထင်ကျော်နေရာမှာ အစားထိုးသမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ကိုလည်း ၂၀၁၈ တုန်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

ပြန်ချုပ်ရရင် ယခင်အစိုးရ (ဒေါ်အောင်ဆန်းစုကြည်အစိုးရ) ကို ယခင်အတိုင်းပဲ ဆက်ထားသေးတယ်၊ NUG ကို ထည့်သွင်းပြီး Update မလုပ်သေးဘူး ဆိုတာပါပဲခင်ဗျာ။

 

ကုလက တိုက်ရိုက်ညွှန်းတဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ Link.

You can treat me a cup of coffee.

wave

Press ESC to close