လေးကေကော် ည ၁၀:၃၀ ထိ သိရသမျှ  

ခုချိန်မှာတော့ ရက်ကွက်တွေထဲ မီးတွေပိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။ ဖမ်းမိသွားသူတွေထဲ CDM ပြုလုပ်နေသူတွေလည်း ပါတာကြောင့် ဒေသခံတွေရော တိမ်းရှောင်နေရသူတွေပါ လွတ်ရာကို ထပ်ပြီး ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။

နှစ်ဖက် အပြန်အလှန် စောင့်ကြည့်နေဆဲပဲလို့ဆိုပါတယ်။ ဟိုဘက် ဒီဘက် ပစ်မိန့်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်ပါ။ စစ်ကောင်စီက ပီဒီအက်ဖ်တွေကို အဓိက ပိတ်ဆို့ ရှာဖွေနေတာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

လေးကေကော်ဟာ မြဝတီမြို့နယ်ထဲမှာရှိပြီး နယ်စပ်မြို့သစ်လည်း ဖြစ်ပါတယ်။ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ထဲမှာ မနက်က ရပ်ကွက် ၁ နဲ့ ၃ ကို ပိတ်ဆို့ စစ်ဆေးခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်ကွက် ၆ ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးချိန်က နေ့လယ် နှစ်နာရီခွဲအချိန်က စတာပါ။

လေးကေကော်ကို ဝင်နေတာက ခြေမြန်တပ်ရင်း (ခမရ ၅၆၀) ဖြစ်ပြီး ဒီတပ်ဟာ တနင်္သာရီ၊ ဘုတ်ပြင်း အခြေစိုက် စကခ (စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်) ၁၃ လက်အောက်ခံဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးတပ် တွေတင် မကဘဲ အင်ဂျင်နီယာတပ်တွေလည်း ပါလာတာ တွေ့ရပါတယ်။ 

လက်ရှိအချိန်ထိ မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် လူ ၂၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ Karen Information Center က ရေးသားထားပါတယ်။ ဖမ်းဆီးထားတဲ့လူတွေကို ဘယ်နေရာကို ခေါ်သွားပြီလဲဆိုတာတော့ မသိရသေးပါ။

 

 

You can treat me a cup of coffee.

wave

Press ESC to close