ရေစကြိုရောက် ရန်ကုန်တိုင်း စစ်ဌာနချုပ်က စစ်သား

သတင်းဌာနတွေကတော့ ဒီကိစ္စ ထည့်သွင်းရေးသားတာ မတွေ့ရ။ အဲ့ဒါက ဖမ်းမိတဲ့ စစ်ကောင်စီ တပ်သားဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဘက် တံဆိပ်ဆိုတာပါပဲ။ (အနီနဲ့ဝိုင်းထားပါတယ်) မြင်းခြံ၊ ရေစကြို၊ အလယ်ကျွန်းဟာ ဒေသခံ ပီဒီအက်ဖ် အားကောင်းပြီး ပြီးခဲ့တဲ့လတွေတုန်းကတည်းက စစ်ကောင်စီက ထိုးစစ်ဆင်နေခဲ့တဲ့ နေရာတစ်ခု။

 

မြင်းခြံနယ်ကို ရှေ့တန်း စစ်ဆင်ရေး (စစ်ကောင်စီအခေါ် နယ်မြေလုံခြုံရေး) လုပ်ဖို့အတွက် ပို့နေရတာက ရန်ကုန်တိုင်း စစ်ဌာနချုပ်က စစ်သားတွေ ဖြစ်နေတာဟာ ထူးခြားပါတယ်။

 

ကမ်းရိုးတန်းတပ်တွေ မြောက်ပိုင်းထဲ ရောက်နေတာ၊ ထောက်ပို့တပ်တွေကို ရန်ကုန်မြို့ထဲ လုံခြုံရေး ထားနေရတာ၊ နောင်ချို ဟင်းလင်းပွင့်လမ်းတွေပေါ်မှာ အင်ဂျင်နီယာတပ်တွေကို ကင်းချနေရတာတွေကို ကြည့်ရင် စစ်ကောင်စီဟာ စစ်ဆင်ရေးအတွက် တပ်ဖြန့်ရာမှာ တော်တော်ကို ဖရိုဖရဲဖြစ်နေတာ တွေ့ရတယ်။

 

(စာကြွင်း - ပြီးခဲ့တဲ့ရက်ထဲက ရခိုင်ကနေ တက်လာတဲ့ ၅၅ နဲ့ ၄၄ မှာ ၄၄ လက်အောက်ခံတပ်တွေ ပြည်ကနေ ရန်ကုန်ဘက်ကို ဆင်းလာတယ်။ သဘောက ပြည်မမှာ အင်အား အင်မတန် နည်းနေတာ သိသာစေတဲ့အချက်ပါပဲ။)

 

လတ်တလော မြင်ရသလောက်၊ မြင်မိသလောက်ပါ။ ဒါတွေကိုကြည့်ပြီး စစ်ကောင်စီကတော့ အားနည်းနေပြီ၊ ပြုတ်တော့မယ် စသည်ဖြင့် အရမ်းကာရော မတွေးစေလိုပါ။ ကိုဂျင်မီဖမ်းဆီးခံထားရတာ၊ ကိုဇေယျာသော် ဖမ်းဆီးခံထားရတာတွေကိုလည်း ရင်ဘတ်ထဲ လက်ခံမှတ်သားထားဖို့ လိုပါမယ်။

 

ဒလန်ရှင်းလင်းရေးထက် ရင်ဆိုင်တိုက်ပွဲတွေမှာ ဒေသခံပီဒီအက်ဖ်တွေရဲ့ လုပ်ရပ်တွေ ပိုပြီး အားသာတာလည်း တွေ့ရတယ်။ ရေရှည်မှာ ဒလန်ရှင်းလင်းရေးဟာ အလုပ်မဖြစ်တော့မှာကို တချို့ ပီဒီအက်ဖ်တွေ သဘောပေါက်နေကြပါပြီ။

 

 

You can treat me a cup of coffee.

wave

Press ESC to close