ရန်ကုန်ရှိ ယာဉ်ထိန်းရဲများကို YUG သတိပေး

"ဖက်ဆစ် စစ်တပ်ကို ပံ့ပိုးနေသော သစ္စာဖောက် ယာဉ်ထိန်းရဲများအတွက်" ဟုဆိုကာ ရန်ကုန် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့ပူးပေါင်းထားသည့် Yangon Urban Guerrillas (YUG) က သတိပေးစာ ထုတ်ပြန်လိုက်သည်။

 

စစ်အုပ်စု၏ ယန္တရားများ လည်ပတ်နိုင်ရေးအတွက် အသုံးပြုသော ဖက်ဆစ် စစ်ခွေး၊ ရဲခွေးများ၏ ယာဉ်လမ်းကြောင်းများကို ယာဉ်ထိန်းရဲများက ကူညီရှင်းလင်းနေကြောင်း တွေ့ရှိရသည်ဟု YUG ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ထို့ကြောင့် အင်းစိန်ပန်းခြံ၊ လှိုင်သာယာ၊ မင်းရဲကျော်စွာလမ်း (မြောက်ဒဂုံ)၊ သိမ်ကျောင်းလမ်း၊ အုတ်ကျင်းလမ်းနှင့် ဗဟိုလမ်းထောင့်၊ ဗဟိုလမ်းနှင့် ရွာမကွေ့လမ်းထောင့်များရှိ ယာဉ်ထိန်းရဲရုံးများကို သတိပေး ဖောက်ခွဲမှုလုပ်ခဲ့သည်ဟု YUG က ရေးသားထားသည်။

 

သို့သော် ပြည်သူလူထုဖက်ကမှ ရပ်တည်သော ယာဉ်ထိန်းရဲများအား စာနာသောအားဖြင့် မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိအောင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

You can treat me a cup of coffee.

wave

Press ESC to close