ရဲဖော်ရဲဖက် - အခန်း (၁)

သူမရှိတော့တာ အခုဆို သုံးနှစ်ရှိပြီ။ နေ့ပေါင်း၊ ညပေါင်း တစ်ထောင်ကျော်ရှိခဲ့ပြီပေါ့။ မျက်လုံးတွေမှိတ်လိုက်တိုင်း သူ ကျွန်တော့် ရှေ့မှာ ရှိလို့နေတယ်။ သူဟာ အိပ်မက်တွေထဲမှာ ကျွန်တော် တွေ့နေတတ်တဲ့ သူပေါ့။ ဒါပေမယ့် မင်းကသေနေပြီလေလို့ ကျွန်တော် ပြောရင်း သူ့ရဲ့ လက်တစ်ဖက် ဒါမှမဟုတ် တံတောင် ဒါမှမဟုတ် ပုခုံးကို ဝမ်းမြောက် ပီတိဖြစ်စွာ လှမ်းကိုင်တတ်တယ်။သူ ဒီလောကထဲက ထွက်ခွာသွားတဲ့နေ့မှာ ဝတ်ဆင်ထားတဲ့ အဖြူရောင်ရှပ်အကျိံဆီကို ကျွန်တော့် လက်ချောင်းတွေ က ရွှေ့လျားလို့သွားတယ်။ ဒါပေမယ့် အဲဒီပုံရိပ်ဟာ ဝိုးတဝါးပါပဲ။ မီးခိုးငွေ့လိုပဲ ပျောက်ကွယ်သွားတယ်။ သုံးနှစ်ရှိပြီဆိုပေမယ့် အဲဒီအိပ်မက်ကို ကျွန်တော် မက်နေဆဲပဲ။ ဒီနေ့ဖြစ်တာနဲ့ ကွာခြားတာဆိုလို့ တကယ်ဖြစ်နေသလိုဖြစ်နေတာပါပဲ။ ကျွန်တော် မျက်လုံးတွေ ဖွင့်လိုက်တာနဲ့ လဟာ တိတ်ဆိတ်စွာနဲ့ ကမ္ဘာတစ်ဖက်ခြမ်းဆီ ဆုတ်ခွာလို့ သွားတော့တယ်။

ဗန်ကူးဗားမြို့မှာ နွေးဖျပြာလဲ့တဲ့ နေရောင်က နေရာတိုင်းမှာ ရှိနေတယ်။ ရက်စက်တဲ့ သဲမုန်တိုင်းတွေနဲ့ မွန်းကျပ်တဲ့ အပူချိန်ရှိရာ ပေကျင်းမြို့နဲ့တော့ တစ်ခြားစီပါပဲ။ ဒီမှာ ရာသီဥတုလေးမျိုးရှိတယ်လို့ ပြောကြတယ်။ ရာသီတစ်ခုစီတိုင်းမှာ တောက်ပတဲ့နေရောင်၊နုညံ့တဲ့လေပြည်၊ ညင်သာပြီး ကျီစားနေတဲ့ သွေ့ခြောက်မှုတွေက လေထဲမှာ ရစ်ဝဲလို့နေတတ်တယ်။
အိပ်မက်ထဲမှာ ကျွန်တော်ဟာ ငယ်သူငယ်ချင်းတွေနဲ့ ရယ်မောပြီး အရက်သောက်လို့နေတယ်။ ကျွန်တော်ဟာ ကားတစ်စင်းပေါ်မှာ အဆုံးမရှိတဲ့ လမ်းတွေ၊လမ်းကြားတွေထဲမှာ တစ်ရှိန်ထိုးသွားလို့နေတယ်။ ကျွန်တော်ဟာ အလွန်အေးတဲ့ ဆောင်းဦးနေ့မှာ အပြင်ကိုရောက်လို့နေတယ်။ ကျွန်တော် သူ့ကိုဖက်ပြီး နမ်းလို့နေတယ်။

မနက်ရောက်တော့ ကျွန်တော့်ရဲ့ ပြတင်းပေါက်ကနေတစ်ဆင့်မြင်နေရတဲ့ မေပယ်လ်သစ်ရွက်ကြွေတွေကို မြင်တော့မှ ကျွန်တော် ဘယ်ရောက်နေလဲဆိုတာ သတိရလာတယ်။ ကျွန်တော့်ဘေးမှာ အမျိုးသမီးငယ်တစ်ယောက် အိပ်နေတာကို သတိထားလာမိတယ်။ ကျွန်တော့်ရဲ့ ဇနီးအသစ်ပေါ့။ ကျွန်တော် မျက်လုံးတွေ ပြန်မှိတ်လိုက်တော့ သူရှိလို့နေတယ်။ ကျွန်တော့်ကို အိပ်မက်တွေထဲ၊ မှတ်ဉာဏ်တွေထဲ ပြန်လာခဲ့ဖို့ ဖိတ်ခေါ်လို့နေလေရဲ့။

တရုတ်မှာ ရှိတဲ့ ကျွန်တော့် ဘဝဟာ ဒီနေ့ ကျွန်တော်ရှိနေတဲ့ ဘဝနဲ့ ဘာမှ မကွာခြားပါဘူး။ ထိပ်တန်းအရာရှိတစ်ယောက်ရဲ့ သားအဖြစ် မွေးဖွားလာပြီး အလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝဟာ ကျွန်တော့် ပတ်ပတ်လည်မှာရှိနေတဲ့ ဗျူရိုကရက်တစ်ဖွဲ့စည်းတည်ဆောက်ပုံရဲ့ အာဏာတွေနဲ့ ဝန်းရံကာကွယ်ခြင်းခံခဲ့ရတယ်။ ကျွန်တော်ဟာ အခြား အစိုးရနဲ့ ကွန်မြူနစ်ပါတီ အရာရှိကြီးတွေရဲ့ သားသမီးတွေနဲ့ ကွာပါတယ်။ ကျွန်တော်ဟာ မသိသားဆိုးရွား၊ပြိုင်ဆိုင်လိုစိတ်မရှိတဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ဘူး။

အထက်တန်းကျောင်းပြီးတော့ ကျွန်တော် ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ တရုတ်စာပေ ဘာသာရပ်ကို ယူခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာတင် ကျွန်တော်ဟာ ဝတ္ထုဇာတ်လမ်းတွေ စိတ်မဝင်စားတော့ဘူး။ ဒုတိယနှစ်ကစပြီး ကျွန်တော်ဟာ စီးပွားရေးစွန့်စားမှုတွေကို သဘောကျလာခဲ့တယ်။ ကျွန်တော် ကြုံရာကျပမ်း သူငယ်ချင်းတွေနဲ့ အလုပ်တွေ လုပ်လာခဲ့တယ်။ ဘွဲ့ရပြီးတဲ့နောက် အတိုင်းအတာပမာဏတစ်ခုရှိတဲ့ ချေးငွေနဲ့ ကျွန်တော် ကုန်သွယ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်။ ပိုက်ဆံရမယ်ဆို ကျွန်တော် ဘာမဆိုလုပ်ခဲ့တယ်။ လူတွေ ဘာဝယ်မလဲ၊ အစားအစာ၊အဝတ်အစားလား ဘာမဆို ကျွန်တော် ရောင်းတယ်။ လူနဲ့ လက်နက်ရောင်းချဖို့ ထိလောက်တောင် ကျွန်တော့်လက်ကမတွန့်ဘူး။ လူတွေက ဝယ်မယ်ဆိုရင် မစင်တွေထည့်ထားတဲ့ ပလက်စတစ်အိတ်တွေကိုတောင် ကျွန်တော် ရောင်းဦးမှာ။ အဲဒါ ၁၉၈၀ အစောပိုင်းနှစ်တွေမှာပေါ့။ အဲဒီတုန်းက အရှေ့ဥရောပနဲ့ ကုန်သွယ်မှုကတော်တော် ခေတ်ကောင်းနေခဲ့တယ်။

ကျွန်တော့်ဘဝက ထင်သလို ထူးခြားလွန်ကဲနေတာမဟုတ်ပါဘူး။ ပေကျင်းမှာ ကျွန်တော့်လို အာဏာသြဇာရှိတဲ့ မိဘကျောထောက်နောက်ခံနဲ့ လူတွေ အများကြီးပါပဲ။ လူတိုင်းကလည်း စီးပွားရေးကစားပွဲတွေ ကစားကြတာမဟုတ်ပါဘူး။ ဘွဲ့ရပြီး ငါးနှစ်အကြာမှာ ကျွန်တော့် အဖေရဲ့ အဆက်အသွယ်တွေ၊ကျွန်တော့်ရဲ့ ဉာဏ်ပညာနဲ့ ပါရမီကြောင့် ကျွန်တော်ဟာ သန်းပေါင်းများစွာတန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်လာနိုင်ခဲ့တယ်။

အဲဒီတုန်းက ကျွန်တော် အိမ်ထောင်ပြုဖို့ လုံး၀ မစဉ်းစားခဲ့ဘူး။ ကျွန်တာ့်မှာ ပုံမှန် လိင်ဆက်ဆံဖော်၊ မိန်းမ သို့မဟုတ် ယောကျ်ား တစ်ယောက်မှတောင်မရှိခဲ့ဘူး။ ဒါပေမယ့် ကောလိပ်ပထမနှစ်ကတည်းက ကျွန်တော်ကောင်မလေးတွေနဲ့ ချိန်းတွေ့နေတတ်ခဲ့ပါပြီ။ ကျွန်တော် ပထမဆုံး အိပ်ဖြစ်ခဲ့တဲ့ မိန်းကလေးကို ပြက်ပြက်ထင်ထင် မှတ်မိနေဆဲပါပဲ။ ရှည်လျားတဲ့ဆံနွယ်တွေ၊ စကားပြောလိုက်ရင် တဖျတ်ဖျတ်တွန့်ခါသွားတဲ့ သူမရဲ့ မျက်ပေါက်ကျဉ်းကျဉ်းပေါ်က မျက်တောင်နက်နက်တွေ၊ စကားပြောလိုက်ရင် ပါးစပ်ထောင့်မှာ ဖြစ်လာတဲ့ ပါးချိုင့်လေးတွေရှိတဲ့ အဲဒီကောင်မလေးကို ကျွန်တော် ရူးရူးမူးမူး ဖြစ်ခဲ့ပါတယ်။ သူမဟာ ကျွန်တော် မြင်ဖူးသမျှထဲမှာ အလှပဆုံးပါပဲ။

ကျွန်တော် သူမကို ပထမဆုံး စတွေ့ဖူးခဲ့တာက တက္ကသိုလ်စာကြည့်တိုက်ထဲမှာပါ။ သူမဟာ ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံးတွေရှိတဲ့၊ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်တဲ့ ဘဲတစ်ပွေနဲ့ ထိုင်နေခဲ့ပါတယ်။ ကျွန်တော် စာဖတ်ချင်ယောင်ဆောင်နေပေမယ့် ကျွန်တော့် မျက်လုံးတွေ သူမဆီကနေ မခွာနိုင်ခဲ့ပါဘူး။ တစ်နာရီလုံးလုံး ကျွန်တော် ထိုင်နေပြီး သူမရဲ့ ဘလောက်စ်အကျိံ အောက်မှာရှိတဲ့ သူမရဲ့ ရင်သီးထိပ်လေးတွေ ဘယ်လိုရှိမလဲလို့ မြင်ယောင်ကြည့်လို့နေတယ်။ ပြီးတော့ ကျွန်တော့် သူငယ်ချင်းပြောခဲ့တာကို ပြန်စဉ်းစားနေမိတယ်။ သူငယ်ချင်းက အဲဒီကောင်မလေးဟာ ကျွန်တော်တို့ထက် နှစ်တန်းကြီးတဲ့ အကြောင်း သူမရဲ့ ဋ္ဌာနက ယောကျ်ားလေးတိုင်းက သူမကို လိုချင်တဲ့အကြောင်း ပြောပြဖူးတယ်။ ကျွန်တော်လိုချင်တာမျိုး ဒါမျိုး အတိအကျပါပဲ။ ။ ကျွန်တော့်ထက် အသက်ပိုကြီးတဲ့ မိန်းမမျိုး။ ကျွန်တော့်အတွက်တော့ ကျွန်တော့်ထက်ကြီးမှ တကယ့်မိန်းမပါပဲ။ ငယ်တဲ့ မိန်းကလေးတွေ ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်ရှာနေတာ တကယ့်မိန်းမပါ။ အပျော်တွဲဖို့မဟုတ်ပါဘူး။ ယဉ်ပါးစေဖို့၊ထိန်းချုပ်စေဖို့အတွက်ပေါ့။

ကျွန်တော့် အဆောင်မှာရှိတဲ့ကောင်တွေက ကျွန်တော် သူမကို သဘောကျကြောင်း သိသွားတော့ ကျွန်တော့်ကို အချစ်နွံအတွင်း ကျွံဆင်းနေပြီလို့ ပြောပြီး နေရခက်အောင် လုပ်ခဲ့ကြပါတယ်။ သူမနဲ့ ကျွန်တော်ဟာ အချိန်အတိုင်းအတာတစ်ခုလောက် ပိုးခြင်းပန်းခြင်း ကစားပွဲတွေ ကစားခဲ့ရပါတယ်။ ဒါပေမယ့် အခြေအနေက ကျွန်တော်လိုချင်သလောက် တိုးတက်မှုမရှိခဲ့ပါဘူး။လိင်ကိစ္စတားမြစ်တင်းကျပ်တဲ့ အဆောင်တွေနဲ့ အခန်းဖော်အရေအတွက် များပြားလှခြင်းနဲ့ အတူ အဲဒီကာလတွေတုနု်းက ကောလိပ်ကျောင်းသား၊ကျောင်းသူတွေအတွက် အိပ်ယာထဲ တူတူရှိဖို့ဆိုတာ မလွယ်လှပါဘူး။ ကျွန်တော် သူမနဲ့ အတူ ရှိနေတဲ့ အချိန်တိုင်း ကျွန်တော့် လိင်စိတ်တွေက ပေါက်ကွဲထွက်တော့မတတ် မုန်တိုင်းထန်နေခဲ့ပါတယ်။ဒါပေမယ့် တစ်ခါ၊နှစ်ခါလောက် နမ်းပြီးရင် သူမက ကျွန်တော့်ကို ရှက်ရှက်နဲ့ တွန်းဖယ်လိုက်တာချည်းပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ကျွန်တော် အတန်းလစ်ပြီး ကျွန်တော် ကြီးပြင်းခဲ့ရာ ချောင်ရန်းဒေသက ကျွန်တော့်ရဲ့ မိဘတွေအိမ်ကို ရောက်ခဲ့ပါတယ်။ အဲဒီကျမှ ကျွန်တော် သူမနဲ့ လိင်ဆက်ဆံခဲ့ရတယ်။

ကျွန်တော်တို့ အဲဒီကိုရောက်တော့ သူမဟာ စိတ်လှုပ်ရှားမှုတွေနဲ့အတူ စကားတွေ ဗလုံးဗထွေးပြောနေခဲ့ပါတယ်။ ကျွန်တော့် မိဘတွေ အိမ်မှာမရှိပါဘူး။ အိမ်အကူကို ကျွန်တော် အစောကြီးကထဲက ရှောင်ခိုင်းထားပါတယ်။ ပထမတော့ ကျွန်တော်တို့နှစ်ယောက် အိပ်ယာထဲမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း နောက်ဘာဆက်လုပ်မလဲဆိုတာကို စဉ်းစားနေခဲ့ပါတယ်။ နောက်တော့ ကျွန်တော်တို့နှစ်ယောက် မပြီးဆုံးနိုင်လောက်အောင် နမ်းခဲ့ကြပါတယ်။ ကျွန်တော် ဘယ်လောက်ထိသွားလို့ရမလဲဆိုတာ သိအောင် သူမရဲ့ ဘလောက်အကျီထဲ ကျွန်တော့် လက်ကိုထည့်လိုက်တော့ သူမဟာ ကျွန်တော့်ကို ထိတ်ထိတ်ပြာပြာ နမ်းပါတယ်။ နမ်းနေရင်းနဲ့ နောက်ဆုံးတော့ ကျွန်တော့်လက်က သူမရဲ့ ရင်သီးထိပ်ကို ကိုင်လို့ထားတယ်။ အဲဒီတော့မှ သူမ ကန့်ကွက်တဲ့အနေနဲ့ ခေါင်းထောင်လာခဲ့တယ်။ မလုပ်နဲ့၊ သူမ တစ်ခါမှ မလုပ်ဖူးဘူးလို့ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ငြင်းပါတယ်။

ကျွန်တော့်နှလုံးသား ထိန်းမနိုင်သိမ်းမရ ခုန်လို့နေပါတယ်။ ငြင်းပယ်မှုက ကျွန်တော့်ကို ရှေ့တိုးဖို့ တွန်းအားတစ်ရပ်လိုဖြစ်လာခဲ့တယ်။ ကျွန်တော် လိုချင်ပြီဆိုရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းလို့မရပါဘူး။ အူကြောင်ကြောင်နဲ့ ကျွန်တော့် ပါးစပ်က စကားလုံးတွေ ထွက်ကျလာခဲ့တယ်။ ငါမင်းကိုချစ်တယ်၊ လက်ထပ်ယူပါ့မယ်ဆိုတဲ့ ခပ်ပေါပေါ စကားလုံးတွေပေါ့။ ကျွန်တော် သူမရဲ့ အဝတ်အစားတွေကို မကျွမ်းမကျင်နဲ့ ချွတ်လိုက်တယ်။ ကျန်နေသေးတဲ့ ကျွန်တော့် ဘောင်းဘီကို ချွတ်ချလိုက်တယ်။ သူငယ်ချင်းတွေပြောတဲ့ စကားတွေနဲ့ ကြည့်ဖူးတဲ့ အပြာကားတွေထဲကလို ကျွန်တော် သူမရဲ့ ပေါင်တံတွေကို မလိုက်ပြီး အထဲကို ထည့်ဖို့ ကြိုးစားတယ်။ သုံး၊လေးကြိမ်လောက် ကြိုးစားပြီးချိန်ထိ လိုရင်းကို မရောက်ဘူး။ နောက်ဆုံးတော့ သူမက ကျွန်တော့်ဟာကို ကိုင်ပြီး ထည့်လိုက်တယ်။ အထဲရောက်တော့ ကျွန်တော် ဘာဆက်လုပ်ရမယ်မှန်းမသိပဲ၊ ချက်ချင်းကြီး ပြီးသွားတယ်။ နောက်တော့ သူမ ငိုပါလေရော။ ပျော်ရွှင်မှုလား၊ နာကျင်မှုကြောင့်လားဆိုတာတော့ ဘယ်သိနိုင်ပါ့မလဲ။ မိန်းကလေးတိုင်းဟာ ပထမဆုံး အကြိမ်ပြီးတိုင်း ငိုတတ်ကြတယ်လို့ ကျွန်တော် ထင်မိတယ်။

အဲဒါပြီးတော့ ကျွန်တော်တို့နှစ်ယောက် ကုတင်ပေါ်မှာ ဘေးချင်းကပ်လှဲနေကြပြီး လက်ထပ်ဖို့အကြောင်း ပြောကြတယ်။ ယောကျ်ားမာနတွေ ထောင်လွှားလာအောင် ကျွန်တော့်ကို လိုက်လျောခဲ့တဲ့ သူမကို ကျွန်တော် ကျေးဇူးတင်မိတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ရတယ်။ သူမက နောက်မိန်းကလေးတစ်ယောက်ကို ချစ်ဦးမှာလားလို့မေးတော့ ကျွန်တော်က နိုးလို့ ဖြေလိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ သူမနဲ့ ယူပြီးသည့်တိုင်အောင် သူမဟာ ကျွန်တော် အိပ်ဖူးတဲ့ တစ်ဦးတည်းသော မိန်းမ မဖြစ်စေရဘူးလို့ ပြောနေမိတယ်။ ကျွန်တော် အချစ်ကို တွေ့ရှိခဲ့ပြီလို့ ထင်မိတယ်။

နောက်တစ်နှစ်အကြာမှာတော့ ကျွန်တော်ဟာ သူမအတွက် ပထမဆုံး အိပ်တဲ့ သူမဟုတ်တာကို သိလာခဲ့တယ်။ သူမဟာ ကြိုက်ကုန်းတစ်ယောက်ဆိုတာ ကျွန်တော့် ဋ္ဌာနကလူတွေ အကုန်လုံးသိကြတယ်။ ကျွန်တော်တစ်ယောက်ထဲ မသိခဲ့တာ။
နောက်တော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပြတ်သွားတယ်။ အဲဒီအချိန်ကစပြီး တစ်ပတ်ကို မိန်းကလေးတစ်ယောက် ကျွန်တော့်ရင်ခွင်ထဲမှာရှိလာတယ်။ အိပ်ယာပေါ်မှာ တီထွင်မှုတွေကလည်း များပြားလာတယ်။ မိန်းကလေးတွေကို ရဖို့ ဘာမှမခက်ခဲဘူးဆိုတာ ကျွန်တော် သိလာခဲ့တယ်။ ခက်တာက သူတို့ကို ဖြတ်ဖို့ပဲ။

ကျွန်တော်ဟာ မိန်းကလေးတွေကို ကျောရရုံကြံတဲ့ ယောကျ်ားမျိုးမဖြစ်ချင်ပါဘူး။ ကျွန်တော်ကြုံဖူးတဲ့ မိန်းမတိုင်းမှာ လိုချင်တာတစ်ခုက အတူတူပဲ။ သူတို့ ချမ်းသာသာ၊မချမ်းသာသာ၊ ဆရာမကြီးဖြစ်ဖြစ်၊ သဘောကောင်းပြီး ရိုးသားနှိမ့်ချတာပဲဖြစ်ဖြစ်၊ ပွင့်လင်းဖော်ရွေတာဖြစ်ဖြစ်၊ ရှက်တတ်တာပဲဖြစ်ဖြစ် စာကြမ်းပိုးပဲဖြစ်ဖြစ်၊စောက်ရူးမပဲဖြစ်ဖြစ် အားလုံးကတူတူပါပဲ။ နောက်ဆုံးတစ်နေ့မှာတော့ ကျွန်တော်ကြုံဖူးတဲ့ မိန်းကလေးတိုင်းရဲ့ စိတ်ထဲမှာ တစ်ခုထဲပဲရှိတယ်။ အဲဒါက ယောကျ်ားတစ်ယောက်ကို ဘယ်လို ဖမ်း ရမလဲဆိုတာပဲ။

အနာဂတ်ကို ကြိုတင်ကြံစည်ပြီး လက်ထပ်ယူပါလို့ တကျီကျီနားပူနားဆာပြောပြီး သေတဲ့အထိ ကျွန်တော့်ကို ကြိုးနဲ့ ချည်ထားဖို့ ဆုံးဖြတ်ထားတဲ့ မိန်းမတွေကို ကျွန်တော် တော်တော်လေး ရွံရှာမိတယ်။ အဲဒီလို ကြမ္မာဆိုးနဲ့ အချစ်ရေးတွေဟာ ကျွန်တော် မိန်းမတစ်ယောက်ကို မြင်တိုင်း ကြောက်လာတဲ့ အချိန်ကိုရောက်တဲ့ အထိ ဖြစ်နေခဲ့ပါတယ်။ အဲဒါက ဂေးအသိုင်းအဝိုင်းထဲက ကျွန်တော့်ရဲ့ ဘော်ဒါကြီးတစ်ယောက်က ကာရာအိုကေဘားက အဆိုတော်လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ အချိန်လောက်မှာပေါ့။ အဲဒီလိုနဲ့ ကျွန်တော် ကစားနည်းအသစ်တစ်ခုကို တွေ့ရှိခဲ့တာပါပဲ။

သူဟာ ကျွန်တော် ချိတ်မိတဲ့ ပထမဆုံး ဘဲတစ်ပွေပါ။ အချိန်တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော် သူ့နာမည်ကို မမှတ်မိတော့ပါဘူး။ ဒါပေမယ့် အဖြစ်အပျက်တွေက ကျွန်တော့် မှတ်ဉာဏ်ထဲမှာ ခိုင်ခိုင်မာမာ စွဲမြဲလို့နေပါတယ်။ အသားလတ်လတ်၊ သန့်ရှင်းပြီး လှပတဲ့ သူ့မှာ အပြစ်ပြောစရာဆိုလို့ မျက်နှာမှာ အစက်အပြောက်လေးတွေ ရှိနေတာပဲရှိတယ်။ သူဟာ အသက်နှစ်ဆယ်ကျော်ပြီး ကျွန်တော့်ထက်ကြီးတယ်လို့ တစ်ယောက်ကပြောတယ်။ ဒါပေမယ့် သူ့ပုံစံက ဆယ့်ရှစ်နှစ်လောက်ပဲ ထင်ရတယ်။ ကျွန်တော် မမေးခဲ့ပါဘူး။ ယောကျ်ားတွေကို အသက်မေးတာက မိန်းမတွေကို အသက်မေးတာထက်တောင် ပိုရိုင်းသေးတယ်။

ကျွန်တော် သူအလုပ်လုပ်တဲ့ ဘားကို သွားပြီး သူဆိုနေကျသီချင်းနှစ်ပုဒ်လောက်ဆိုဖို့ ပိုက်ဆံပေးခဲ့တယ်။ သူဟာ ဟောင်ကောင်ပေါ့ပ်စတားတစ်ယောက်လို သီချင်းတွေကို တောက်လျှောက်ဆိုပြီးတဲ့နောက် ခဏလောက်ထိုင်တယ်။ သူဟာ ရှက်နေပေမယ့် စကားတော့ ပြောနိုင်ပါသေးတယ်။ ကျွန်တော်တို့နှစ်ယောက် သူ့အလုပ်ချိန်ပြီးပြီး သူ့အိမ်ကို ကျွန်တော့်ကို ခေါ်တဲ့ အထိ တစ်ညလုံးစကားတွေ ပြောနေခဲ့မိတယ်။

ကျွန်တော်တို့ ဘားထဲကနေထွက်လိုက်တာနဲ့ သူ့ရဲ့ ပုံစံဟာ လုံးဝပြောင်းလဲလို့သွားတယ်။ သူဟာ ရုတ်တရတ် အသက်ဝင်လာပြီး သူ့အိမ်ကိုရောက်တဲ့ အထိ ဘာတွေမှန်းမသိအောင်ကို ပြောနေခဲ့တယ်။ကျွန်တော်က တော့ ငြိမ်သက်နားဆင်ပေါ့။ သူဟာ မရပ်တမ်း စကားပြောပေမယ့် သူပြောတဲ့ စကားတွေကိုတော့ သတိထားတယ်။ ကျွန်တော် စိတ်ဝင်စားမှုရှိ၊မရှိဆိုတာကို သူ သတိထားတယ်။

ကျွန်တော်တို့နှစ်ယောက်ဟာ သူနေတဲ့ အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းကို ရောက်သွားခဲ့တယ်။ ပရိဘောဂပြည့်ပြည့်စုံနဲ့ သပ်သပ်ယပ်ယပ်ရှိတဲ့ တိုက်ခန်းပါ။အဲဒီတုန်းက ကျွန်တော်နေနေတဲ့ ညစ်ပတ်စုတ်ပြတ်တဲ့ အဆောင်နဲ့ နှိုင်းယှဉ် မကြည့်ပဲမနေနိုင်ဘူး။ အခန်းတစ်ခန်းမှာလူ ရှစ်ယောက်ရှိတယ်။ လူတစ်ယောက်စီတိုင်းက သူ့ဟာနဲ့သူ ရှုပ်ပွကြတာချည်းပဲ။ အခန်းထောင့်တိုင်းမှာ ပြန့်ကျဲလို့နေတယ်။ ကျွန်တော်တို့က အဆောင်ကို ‘ခွေးလှောင်အိမ်’ လို့ ခေါ်ကြတယ်။
“တစ်နေ့ အိမ်ထောင်ပြုရင်နေဖို့ဆိုပြီး မိဘတွေက ဝယ်ပေးထားတာလေ” လို့ သူက ကျွန်တော့်ကို ခြေ၊ဆုံးခေါင်းဖျားကြည့်ရင်း ပြုံးပြီးပြောတယ်။ “ကျွန်တော် ရေချိုးလိုက်ဦးမယ်။ ဘားကလူတွေလို အနံ့တွေ ထွက်နေလိမ့်မယ်။ ခင်ဗျားရော ချိုးဦးမလား”

“နောက်မှ” လို့ ကျွန်တော်က အဖက်မလုပ်၊ရိုင်းတဲ့လေသံနဲ့ ပြောလိုက်တယ်။ ကျွန်တော် စိတ်ထဲက ကြောက်နေတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာပါ။ယောကျ်ားတစ်ယောက်နဲ့ဆို လွယ်လွယ်ကူကူ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ထားတာ မဟုတ်ပါဘူး။မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံး အကြိမ်က ပိုလွယ်ကူပါတယ်။

သူရေချိုးပြီးတော့ အတွင်းခံကလွဲလို့ ဘာမှမဝတ်ပဲ ရေချိုးခန်းထဲက ထွက်လာခဲ့တယ်။ သူ့ကိုယ်ခန္ဓာက အလန်းပဲ။ အရပ်ပုပေမယ့် ကျစ်ကျစ်လစ်လစ်နဲ့ ကြွက်သားတွေရှိတယ်။ သူ ကျွန်တော့်ကို ကြည့်သလိုပဲ ကျွန်တော်ထိုင်ခံမှာထိုင်ပြီး ကြောက်တဲ့ စိတ်ရယ်၊ ရမ္မက်စိတ်ရယ်နဲ့ ရောပြီး သူ့ကို ကြည့်လိုက်တယ်။ သူ့ကို ဘားမှာ စတွေ့ကာစနဲ့ ခုချိန်မှာ လုံး၀ ကွဲပြားခြားနားနေပါပြီ။ တူတာဆိုလို့ ရေချိုးထားပေမယ့် ခြောက်သွေ့နေတဲ့ သူ့ဆံပင်တွေပဲ ရှိတယ်။ သူဟာ ခုံနားမှာ ခါးပေါ်လက်ထောက်ပြီး မလှုပ်မယှက်ရပ်လို့ ကျွန်တော့်ကို ကောင်းမွန်ခြင်းတွေပြသရင်း ငုံ့ကြည့်လို့နေပါတယ်။

နောက်တော့ သူထိုင်ချလိုက်တယ်။ ဘာစကားမှမပြောပဲ သူဟာ ကျွန်တော့် အကျီတွေကို ဖြည်းဖြည်းချင်းချွတ်လို့နေရင်း ကျွန်တော့် လည်ပင်းကို နမ်းရင်း ကျွန်တော့် ပေါင်ကြားကို ပွတ်သပ်လို့နေချိန်မှာ ကျွန်တော်ဟာ စိတ်လှုပ်ရှားမှုနဲ့ ကြက်သေသေလို့နေပြီး အဲဒါကို သူသတိမထားမိအောင် ကြံရာမရဖြစ်လို့နေတယ်။ သူဟာ ကျွန်တော့် လည်းပင်းကို အချိန်အတိုင်းအတာတစ်ခုထိ နမ်းပြီးနောက် နှုတ်ခမ်းကို နမ်းတယ်။ နောက်တော့ ရင်ဘတ်ကိုရောက်လာပြီး ကျွန်တော့် နို့သီးထိပ်တွေကို နမ်းတယ်။ ကျွန်တော့် ဘက်က တုန့်ပြန်မှုမရှိသေးဘူး။ သူဟာ သူလုပ်နေတာတွေကို ရပ်လိုက်ပြီး ကျွန်တော့်ကို မကျေမချမ်းပုံစံနဲ့ ခပ်ထွေထွေ ကြည့်ပါတယ်။ ကျွန်တော် ရရှိနေတဲ့ ပြင်းပြတဲ့ ရမ္မက်စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ်နေတာကို သူမသိပါဘူး။ သူဟာ အချစ်တွေ၊နုညံ့မှုတွေနဲ့ ကျွန်တော့်အတွက် အရာရာကို အရှိန်မြှင့်ပါတယ်။ သူ့ကို စိုးမိုးခြယ်လှယ်၊ အနိုင်ကျင့်ဖို့အထိ ခွင့်ပြုနေပါတယ်။ ကျွန်တော် သူ့ကို ဆွဲဖက်လိုက်ပြီး အိပ်ယာထဲ ခေါ်သွားလိုက်ပါတယ်။

သူ့ကို ကျွန်တော် အိပ်ယာပေါ်တွန်းလှဲလိုက်ပြီး သူ့ရဲ့ ငယ်ရွယ်ပျိုမြစ်တဲ့ယောကျ်ား ခန္ဓာကိုယ်ပေါ်ကို ကျွန်တော့် လက်တွေ တင်လိုက်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် အချိန်အတိုင်းအတာတစ်ခုထိ မျက်နှာချင်းဆိုင်နေနေပါတယ်။ နောက်တော့ သူဟာ ကျွန်တော့်ရှေ့မှာ ဒူးထောက်လိုက်တယ်။ သူ ကျွန်တော့် ဘောင်းဘီကို ချွတ်တယ်။ နောက်တော့ အတွင်းခံဘောင်းဘီ၊ ကျွန်တော့်ရဲ့ တုတ်ခိုင်ပြီး ဆူဖြိုးနေတဲ့ လိင်တံဟာ ငေါက်ခနဲထွက်လို့လာတယ်။ သူ ရယ်ပါတယ်။

“အကြီးကြီးပဲ” သူပြောနေစဉ်မှာပဲ သူ့ပါးစပ်က ကျွန်တော့်ဟာ ကို သွင်းလိုက်၊ထုတ်လိုက်လုပ်နေပါတယ်။ ကျွန်တော်ဟာ ကျွန်တော် မြင်နေတာကို မယုံနိုင်လောက်အောင်ဖြစ်နေပါတယ်။ သူဟာ မိန်းကလေးတစ်ယောက်လို ကျွန်တော့်ကို စုပ်လို့နေပါတယ်။

အသက်ကို မနည်းရှူပြီး ကျွန်တော် မျက်လုံးတွေမှိတ်၊ခေါင်းကို နောက်မှီထားလိုက်တယ်။ ကျွန်တော် အတိတ်တုန်းက မိန်းကလေးတွေကို အဲဒီလိုလုပ်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ တစ်ချို့မိန်းကလေးတွေက လိုက်လျောပေမယ့် အဲဒီလိုလုပ်ဖို့ တစ်စုံတစ်ရာခက်ခဲမှုက အမြဲရှိနေတတ်တယ်။ သူတို့ဟာ နှစ်ခါ၊သုံးခါလောက်လုပ်ပြီးရင် ရပ်လိုက်ကြတယ်။ ဒါမှမဟုတ် ကျွန်တော်က ရပ်ခိုင်းစေချင်တဲ့အထိ သူတို့ရဲ့ သွားတွေနဲ့ ကျွန်တော့်ဟာကို ခြစ်ကြတယ်။ ဒါပေမယ့် သူကတော့ ကြိုက်လို့ကို လုပ်နေတယ်။ လေ့လာထားတဲ့ ကျွမ်းကျင်မှုနဲ့ လုပ်နေတာ။ သူက ကျွန်တော့်ဟာ ကို သူ့နှုတ်ခမ်းနဲ့ ရွေ့လျားနေချိန်မှာပဲ သူ့ရဲ့ လိင်တံကို သူ့လက်နဲ့ ဆော့ကစားလို့နေတယ်။

“ပြီးတော့မယ်” လို့ ကျွန်တော် အော်လိုက်တယ်။ သူ့ပါးစပ်ကို ဖယ်လိုက်ပြီး လက်တစ်ဖက်နဲ့ ကျွန်တော့်ကို အထွတ်အထိပ်ရောက်အောင် လုပ်ပေးနေတယ်။ သူဟာ ကျွန်တော့်နားကို ကပ်လာတာကြောင့် သူ့ရဲ့ စိတ်အားထက်သန်နေတဲ့ မျက်နှာပေါ်မှာ ပြီးလိုက်နိုင်တယ်။ ကျွန်တော့် ဘဝမှာ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ တာဝန်ယူမှု ပုံစံလုံးဝမဟုတ်ဘူး။ အရသာခံစားမှုသက်သက်ပဲ။

ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မနည်းပြန်တည်ဆောက်ယူရတယ်။ ကျွန်တော် ပြန်တည်ငြိမ်လာတော့ သူ့ကို ငုံ့ကြည့်လိုက်တယ်။ သူ့ဟာက မာကျောနေဆဲဆိုတာ ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော့်ရှေ့မှာ ထိုးထောင်နေတယ်။ သူ့ရဲ့မာကျောမှုဟာ ကျွန်တော့်အတွက် ရှက်စရာတော့ကောင်းနေတယ်။ ကျွန်တော် သူ့အောက်ကို ဆင်းဖို့ စိတ်မဝင်စားတာတော့ အထင်အရှားပါပဲ။ သူကတော့ တစ်စက်ကလေးမှ စိတ်မရှိပုံပါပဲ။ သူဟာ ကျွန်တော့်ကို ကြမ်းပြင်ပေါ် ဆွဲချလိုက်ပြီး ကျွန်တော့်လက်ကို သူ့လိင်တံပေါ် တင်လိုက်ပါတယ်။ သူ့လက်တစ်ဖက်က ကျွန်တော့်လက်ကို သူ့ဟာကို ရှေ့တိုး၊နောက်ဆုတ် လုပ်ပေးဖို့ ပြသနေချိန်မှာ သူ့ရဲ့ ကျန်တဲ့ လက်တစ်ဖက်က သူ့ရဲ့ စအိုမှာဆော့ကစားနေပါတယ်။ သူ့တစ်ကိုယ်လုံး တုန်ယင်လာတယ်။ ကျွန်တော် မိန်းကလေးတွေဆီကပဲ ကြားဖူးတဲ့ အသံမျိုးနဲ့ သူဟာ အော်ငြီးပါတယ်။ ရုတ်တရတ်ပဲ သူစားသုံးနေတဲ့ ရမ္မက်စိတ်က ကျွန်တော့်ကို အံ့အားသင့်စေပြီး သူ အရသာခံစားတာကို ကြည့်ရင်း ကျွန်တော်ဟာ ထိန်းမရ၊သိမ်းမရ စိတ်တွေ ကြွလာခဲ့ပြန်တယ်။ မျက်နှာမှာဝက်ခြံတွေနဲ့ အပျော်တမ်း အဆိုတော်ဟာ ထိတ်ထိတ်ပျာပျာ တုန်ခါနေပါတယ်။ သူ့အသံရှူသံဟာ ကျယ်လောင်နေတယ်။ နောက်တော့ သူပြီးသွားတယ်။

အိုကေပါတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် နှစ်သိမ့်လိုက်တယ်။ အတွေ့အကြုံမျိုးစုံရှိတာကောင်းပါတယ်။ ဖြစ်ခဲ့တာတွေအတွက် ကျွန်တော့်ကိုယ်ကျွန်တော် နေရထိုင်ရအဆင်ပြေအောင်လုပ်ရင်း အဲဒီလိုအတွေးတွေက ကျွန်တော့် စိတ်ထဲမှာ ပြေးလွှားလို့နေတယ်။ ယောကျ်ားနှစ်ယောက် ဒီလောက်လုပ်လို့ ရလားဆိုတာကို ကျွန်တော် သိချင်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ကျွန်တော် ဘယ်လောက်ထိ ကြိုက်နိုင်မလဲဆိုတာတော့ မသိသေးဘူး။

ကိစ္စပြီးလို့ ကြမ်းပြင်ပေါ် လဲလျောင်းနေစဉ်မှာ သူဟာ ဂေးအသိုင်းအဝိုင်းမှာ နာမည်ကြီးပြီး သူ့ကိုလိုချင်တဲ့ လူတွေ အများကြီးရှိတယ်လို့ သူက ပြောတယ်။ သူဟာ ရေးထားတဲ့ မှတ်စုစာရွက်ကြည့်ပြီး ပြောသလို သူ ဆက်ဆံဖူးတဲ့ ယောကျ်ားတွေအနက် ကျွန်တော်ဟာ ချစ်စရာအကောင်းဆုံး ယောကျ်ားဖြစ်တယ်လို့ ပြောတယ်။ တစ်ခြားယောကျ်ားတွေဟာ ကျွန်တော့်ထက် ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေ ရှိကောင်းရှိနေနိုင်ပေမယ့် ကျွန်တော်နဲ့ လိင်ဆက်ဆံရတာ ပိုကောင်းတဲ့အကြောင်းကို သေသေချာချာ ပြောပါတယ်။ ဒါဟာ ချီးကျူးစကားပြောတာသက်သက်ပဲ ဆိုတာ ကျွန်တော် သိပေမယ့် ဒီစကားက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်တော် လူပျိုရည်ပျက်တာ နှစ်ကြိမ်ရှိပါပြီ။ တစ်ကြိမ်က မိန်းကလေး၊ တစ်ကြိမ်က ယောကျ်ား။နှစ်ကြိမ်စလုံးက အတွေ့အကြုံရှိပြီးသား ဇယားတွေနဲ့ချည်းပဲ။

ဒါပေမယ့် ကျွန်တော် ကြိုက်နေဆဲပါပဲ။ လိင်ကိစ္စတစ်ခုထဲမဟုတ်ပဲ၊ ဆက်ဆံရေးရဲ့ ရိုးရှင်းမှုကိုပါကြိုက်တာပါ။စဉ်းစားကြည့်ရင် တစ်ယောက်နဲ့ တစ်ယောက်တွေ့တာ နာရီပိုင်းလေးအတွင်းမှာ လူနှစ်ယောက်ဟာ လိင်ဆက်ဆံနိုင်ခဲ့တယ်။ အိပ်ယာကနေ ထသွားတာနဲ့ ဘာအာမခံချက်မှ မရှိတော့ဘူး။ ဘာမျှော်လင့်ချက်၊ဘာတောင်းဆိုချက်မှ မရှိတော့ဘူး။ နောက်နေ့မှာတော့ ဒီနှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်သွားနိုင်သလို၊သူငယ်ချင်းတွေလည်း ဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ် လမ်းမှာတွေ့လို့ စကားတစ်ခွန်းမှ မပြောဖြစ်တာလည်း ဖြစ်နိုင်တယ်။ အစက်အပြောက်တွေရှိတဲ့ အဆိုတော်ရဲ့တိုက်ခန်းကနေ ထွက်လာတော့ ကျွန်တော့်ရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေကို ပြန်လည်ကုစားဖို့အတွက် ဒီလိုလုပ်တာ သင့်တော်တယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် လိင်ကိစ္စတွေအများကြီးရအောင်လုပ်ပါတော့မယ်။ ကျွန်တော်စိတ်ကြိုက်သုံးနိုင်တဲ့ အမြဲတမ်း တိုးပွားနေတဲ့ ငွေတွေကို အားကိုးပြီး ကျွန်တော့်ရဲ့ စွန့်စားတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျွန်တော် ပွေ့ဖက်လိုက်ပါတယ်။ ကျွန်တော် စိတ်ထဲရှိသလို ဘယ်ယောကျ်ားလေး၊မိန်းကလေးကိုမဆို ကျွန်တော် ဝယ်ပါတော့မယ်။ ဒီလိုနဲ့ ကျွန်တော် လန်ယုကို တွေ့ခဲ့တာပါပဲ။

အခန်း (၂) ဆက်ရန်...

You can treat me a cup of coffee.

wave

Press ESC to close