စံလွဲနေတဲ့ လောက

ပြောရရင်...

ခင်ဗျားတို့ ဘယ်လောက်ပြောပြော မရဘူးဗျ။ ဆိုလိုတာက သူ့ပရိတ်သတ်ကို ပြောတာပါ။

ခု ပြောနေကြသူတွေထဲ “အော်ရီဂျင်နယ် ဂန်းစတား” ကို သည်းသည်းမည်းမည်း ကြည့်ဖူးသူတွေ ပါမယ် မထင်ဘူး။

မြင့်မြတ်ရဲ့ “ဂျင်းကောင်” ကို ကြိုက်လွန်းလို့ အသံလိုက်တုပြီး ပြောနေသူတွေ ပါမှာမဟုတ်သလို ဂျင်းကောင် စတစ်ကာ ပါတဲ့ တီရှပ်၊ ဦးထုပ်တွေကိုလည်း မက်မက်စက်စက် ဝတ်ဆင်နေကြသူတွေ ပါမှာလည်း မဟုတ်ဘူး။

တလွဲကြီး ရိုက်လို့ လူငယ်လေးတွေ သမိုင်းကို တလွဲကြီး သိသွားကြမှာ ဆိုပြီး စိုးရိမ်နေလဲ အပိုပဲလို့ ပြောချင်တာပါ။ ခင်ဗျားတို့ပြောတာတွေ သူတို့ မကြားပါဘူး။

ဘာလို့ဆို ခင်ဗျားတို့ တန်ဖိုးထားတဲ့ “စံ” တွေက သူတို့ တန်ဖိုးထားတဲ့ “စံ”တွေနဲ့ မတူသလို သူတို့လေးစား အားကျနေကျသူတွေဟာ ခင်ဗျားတို့ လေးစားအားကျနေသူတွေ မဟုတ်လို့ပါပဲ။

သမိုင်းကို တလွဲတွေ သိသွားကြမှာ စိုးတယ် ဆိုပေတဲ့လို့ သမိုင်းကို သိတဲ့သူက သတ်သတ်၊ သိချင်တဲ့လူက သတ်သတ်၊ သမိုင်းသိရော ဘာလုပ်မှာလဲ ဆိုတဲ့လူက သတ်သတ်ပဲ။

ခု ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် စွယ်စုံရကြီးကို ခင်ဗျားတို့က ဆဲနေပေမယ့် သူတို့အသိုင်းအဝိုင်းထဲမှာတော့ “ဒီကောင်တော့ ပေါက်ပြီဟ” လို့ ကြိတ်အားကျနေကြတဲ့ သရုပ်ဆောင် (ဟု ဆိုသူတွေ) ဒုနဲ့ဒေး ရှိနေတယ်ဆိုတာပါပဲ။

အဲ့ဒီလောက တစ်ခုလုံးဟာ တကယ်တော့ စာရိတ္တပျက်ယွင်းပြီး ပညာနည်းတဲ့ စံအလွဲတွေကို အမှန်ထင်ပြီး ပျက်စီးနေတာ ကြာပါပြီ။

ဒီအကြောင်း အသေးစိတ်ကိုတော့ နောက်မှ ဆောင်းပါးရှည်ရေးပါဦးမယ်။

 

စာကြွင်း - အရင်က ဒီလောကနဲ့ပတ်သက်လို့ ရေးခဲ့ဖူးပါသေးတယ်။ ဒီမှာ ဖတ်လို့ရပါတယ်။ 

You can treat me a cup of coffee.

wave

Press ESC to close