FISCA က တပ်ဆင်းထားသည့် ရခိုင်မြောက်ပိုင်းက စီစီတီဗွီများကို စစ်ဆေးရန် နခဖ အမိန့်ထုတ်

စစ်ကောင်စီကို အကူအညီပေးနေသည့် ကုမ္ပဏီများအကြောင်း Mratt’s Channel က သတင်းရေးသားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် FISCA က တပ်ဆင်ထားသည့် စီစီတီဗွီများကို စစ်ဆေးရန် နယ်ခြားစောင့်ရဲ ကွပ်ကွဲမှုအဖွဲ့ရုံး (နခဖ) အမှတ် (၁) က အမိန့်ထုတ်လိုက်သည်။

 

အမိန့်စာတွင် နခဖ (၁) ကကမ အောက် နခခ များ၏ ရင်းဌနခ၊ ရတ နယ်မြေရုံး၊ ကင်းစခန်းများ တပ်ဆင်ထားရှိသည့် CCTV နှင့် တွဲဖက်သုံး ဆက်စပ်ပစ္စည်း (Monitor, Solar, Controller, Inverter) များ (ရှိရင်း/ကောင်း/မကောင်း) တင်ပြရန်” ဟု ပါရှိသည်။

 

စစ်တွေမြို့တစ်ဖက်ကမ်း အငူမော်မှ ပလက်ဝထိ နခဖ လက်အောက်ရှိ ကင်းစခန်းပေါင်း ၁၄၀ ကျော်၊ ဌာနချုပ် ၈ ခု၊ နယ်မြေ ၂၃ ခုတို့တွင် Huawei စီစီတီဗွီ အလုံးပေါင်း ၁၀၀၀ ကျော် FISCA က ၂၀၁၉ ခုနှစ်တွင် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယင်း စီစီတီဗွီအများစုမှာ အလုပ်မလုပ်တော့ကြောင်း စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၃)တွင် ရေးသားခဲ့သည်။

 

“အထက် (ပြည်ထဲရေး) ကို ရွှီးထားတာက မောင်တောမှာတောင် FISCA ရုံးရှိတယ်ပေါ့။ အဲ့ဒီကနေ လုပ်နေတယ်ပေါ့။ တကယ်က ရုံး မပြောနဲ့ စီစီတီဗွီတပ်တဲ့လူတွေတောင် ဘုန်းကြီးကျောင်းမှာ အိပ်ခဲ့ကြတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

ကင်းစခန်းတစ်ခုကို သိန်း ၃၅၀ ကျော်ကုန်ကျပြီး ခန့်မှန်းခြေ သိန်း သုံးသောင်းခွဲကျော်ရှိသည့် ယင်း ဆီးသီးဗန်း စီမံကိန်းကြီးမှာ လျှပ်စစ်မီးမရှိဘဲ ဆိုလာပြားများနှင့် လည်ပတ်ခဲ့ပြီး ယခုအချိန်တွင် အသုံးမဝင်တော့ပေ။

 

You can treat me a cup of coffee.

wave

Press ESC to close