စစ်ကောင်စီနှင့် ဂျပန်ကုမ္ပဏီ တာဆာကီ တို့ ပူးပေါင်း၍ ပုလဲများ သယ်ယူခဲ့

ဂျပန်အခြေစိုက် နာမည်ကြီး ရတနာ ကုမ္ပဏီဖြစ်သည့် တာဆာကီ (Tasaki) သည် ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်နေ့က ရန်ကုန်-မြိတ်-နေပြည်တော် စင်းလုံးငှားလေယာဉ်ဖြင့် ပုလဲများ သယ်ယူခဲ့သည်ဟု သိရှိရသည်။

 

တာဆာကီ ကုမ္ပဏီမှာ စစ်ကောင်စီနှင့် ပူးတွဲအလုပ်လုပ်နေသည့် နိုင်ငံတကာ ဇိမ်ခံရတနာပစ္စည်း ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှု လုပ်ထားသည့် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် လက်ရှိအချိန်ထိ အလုပ်လုပ်နေဆဲ ဖြစ်သည်။

 

ရရှိထားသည့် လေကြောင်းအချက်အလက်များအရ မြန်မာ တာဆာကီ ကုမ္ပဏီက သြဂုတ် ၁၁ ရက်တွင် MAI လေယာဉ်ကို စင်းလုံးပြတ် ငှားရမ်းကာ ရန်ကုန်-မြိတ်-နေပြည်တော် ပျံသန်းခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့တွင် ယင်းလေယာဉ်ဖြင့် ရန်ကုန်သို့ ပျံသန်းခဲ့သည်ကို တွေ့ရသည်။

 

လေယာဉ်ပေါ်တွင် တာဆာကီကုမ္ပဏီမှဟု ယုံကြည်ရသည့် ဂျပန်နိုင်ငံသား (၃) ဦးလိုက်ပါခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။ လိုက်ပါခဲ့သည့် ဂျပန်နိုင်ငံသားများ၏ နာမည်များကို ရရှိထားသော်လည်း လုံခြုံရေးအရ ချန်လှပ်ထားခဲ့သည်။

 

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်က တိုယိုတာ အလ်ဖတ်ကား ၄ စီးနှင့် တစ်စီးလျှင် သံသေတ္တာ ၃ လုံး၊ စုစုပေါင်း သံသေတ္တာ စုစုပေါင်း ၁၂ လုံးဖြင့် ရန်ကုန် တောင်ဥက္ကလာပ နေအိမ်တစ်အိမ်မှ ရန်ကင်း မြန်မာပလာဇာအနီးရှိနေအိမ်တစ်အိမ်သို့ ပုလဲများ သယ်ယူခဲ့ကြောင်း ရေးသားခဲ့ပြီး ဖြစ်သည်။

 

မြန်မာ တာဆာကီ ကုမ္ပဏီမှာ မြိတ်ကျွန်းစုရှိ ကျားမတ်တပ်ကျွန်းတွင် ၂၀၁၆ ခုနှစ်ကတည်းက ပုလဲများ မွေးမြူထုတ်လုပ်နေခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 

တာဆာကီ ကုမ္ပဏီအနေနှင့် မြန်မာစစ်ကောင်စီ၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဆက်လက် အလုပ် လုပ်ကိုင်ခြင်း မပြုရန်ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Human Rights Now အဖွဲ့က ယခုနှစ် ဧပြီ ၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောဆိုထားသည်။

You can treat me a cup of coffee.

wave

Press ESC to close