Facebook ပေါ်တင်မယ်ဆိုရင်

ကိုယ်တိုင် မြင်တွေ့ရတာ တခုခုကို Facebook ပေါ်တင်မယ်ဆိုရင်၊ စာနဲ့ပဲရေးရေး၊ ဓာတ်ပုံပဲ တင်တင်၊ Live ပဲ လွှင့်လွှင့်...
  • ဘယ်နေရာလဲ (Where)
  • ဘယ်အချိန်လဲ (When)
  • ဘာဖြစ်တာလဲ (What)
  • ဘာကြောင့်ဖြစ်တာလဲ (Why)
  • ဘယ်သူတွေလဲ (Who)
  • ဘယ်လိုဖြစ်တာလဲ (How)
ဆိုတာတွေကို ထည့်ရေးပေးပါ။ လူတိုင်း Citizen Journalist ဖြစ်လို့ရပါတယ်။ ဒီအချက်တွေပါအောင် ရေးပေးစေလိုပါတယ်။ အသေးစိတ် ဒီလိုသိခြင်းအားဖြင့် ဒီအချက်တွေဟာ သမိုင်းတွေ ဖြစ်ကျန်ရစ်မှာပါ။ မှတ်တမ်းအဖြစ် တိတိကျကျ ကျန်ရစ်မှာပါ။ တခြားလူတွေ တင်ထားရင်လည်း ဒီအချက်တွေကို အဓိက အာရုံစိုက်ပြီး မေးပါ။ အဓိကက Why ပါ။ ကိုယ့်ဘာသာကိုယ် ပြန်မေးပါ။
ဥပမာ - အမေရိကန်တပ်တွေ၊ ယူအန်တပ်တွေ လာတော့မယ်လို့ ပြောတယ် ဆိုရင် “ဘာကြောင့်လာမှာလဲ ‘Why’၊ လာလို့ရော ရလား How ၊ ကျန်နိုင်ငံတွေမှာရော လာခဲ့ဖူးသလား” ကိုယ့်ဘာသာ ပြန်မေးပါ၊ ပြီးရင် စဉ်းစားကြည့်ပါ။ လုံးဝ မသေချာတာ၊ မဖြစ်နိုင်တာဆို မတင်ပါနဲ့၊ မရှဲပါနဲ့ခင်ဗျာ။
Crd (credit) ဆိုတဲ့စာသားပါရင် သတိထားပါ။ အပေါ်ကပြောခဲ့သလို ၁ ကနေ ၆ အထိ အစဉ်လိုက် မေးမြန်းပါ၊ စဉ်းစားကြည့်ပါ။ ယုတ္တိကျတာ၊ တကယ်ဖြစ်နိုင်တာ၊ အတည်ပြုလို့ရတာမျိုးကိုမှ တင်ပါ။ ရှဲပါခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close