‘အန်ယူဂျီ သတ်မည့်လူစာရင်း’ ဟုဆိုကာ အနုပညာရှင်အချို့ထံ စစ်ကောင်စီက စာပို့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတ်ဖြတ်မည့် လူစာရင်းဟု နာမည်တပ်ထားသည့် စာတစ်စောင်ကို အနုပညာရှင်များထံ စစ်ကောင်စီက ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

စာအရ နိုင်ငံရေးသမားများ၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့် အနုပညာရှင်များ ပါဝင်နေသည်ဟု ဆိုပြီး စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် အနုပညာရှင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရကို မထောက်ခံသည့် အနုပညာရှင်များ အဓိက ပါဝင်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

သတိထားနေကြဆိုတဲ့ သဘောပေါ့၊ စာရင်းထဲ နာမည်ပါနေတယ်ဆိုပြီး ဖုန်းဆက်တယ်ဟု အခြား သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အချို့ထံ Viber မှတစ်ဆင့် စာပို့သလို အချို့ အနုပညာရှင်များထံ စစ်ကောင်စီက ဖုန်းဖြင့်ဆက်သွယ်၍ ပြောကြားသည်များလည်း ရှိနေခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၀ မှ ၁၂ ထိ ရက်များတွင် အနုပညာရှင်အချို့ထံ ယင်းစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယခု အနုပညာရှင်များထံ ပို့သည့်စာမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးအောင်နိုင်ဦး၏ သံအမတ်တစ်ဦးထံ နိုဝင်ဘာ ၈ က ပေးပို့သည့် သတ်ဖြတ်မည့်စာရင်းအကြောင်း ထွက်ပေါ်လာပြီးချိန်လည်း ဖြစ်သည်။

“NUG/PDF ရဲ့ လက်မရွံ့အဖွဲ့က ဦးစားပေး (သတ်ဖြတ်မည့်) လူစာရင်းတစ်ခု ရှိနေတယ်လို့  ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးခဲ့ပြီးဖြစ်ပါတယ်ဟု နိုဝင်ဘာ ၈ မတိုင်မီက ပြောဆိုထားသည့်အကြောင်းအရာကို ဦးအောင်နိုင်ဦးက သံအမတ်တစ်ဦးထံ အကူညီတောင်းခံစာတွင် ရေးသားထားသည်။

“NUG/PDF ၏ လက်မရွံ့အဖွဲ့မှာ သူတို့လုပ်ကြံသတ်ဖြတ်မယ့် စီးပွါးရေးသမားတွေ၊ နိုင်ငံရေးသမားတွေနဲ့ အနုပညာရှင်တွေရဲ့ နာမည်စာရင်းတွေ ရှိနေပါတယ်။ ဒီလူတွေက စစ်ကောင်စီကို ထောက်ခံတယ် ဒါမှမဟုတ် စစ်ကောင်စီနဲ့ အလုပ်တူတူလုပ်တယ်လို့ (NUG က) ထင်တဲ့လူတွေပေါ့ဟု ဦးအောင်နိုင်ဦးက ထည့်သွင်းရေးသားထားသည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်က ရုပ်ရှင်အစည်းအရုံး အဆောက်အအုံကို NUG/PDF က သတိပေးသည့်အနေဖြင့် ဗုံးခွဲခဲ့သည်ဟု ဦးအောင်နိုင်ဦးက အနုပညာလောကနှင့်ပတ်သက်၍ ထည့်သွင်း ရေးသားထားသေးသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပုဂ္ဂိုလ်များနှင့်  နိုဝင်ဘာ ၁ က တွေ့ဆုံခဲ့ရာ ဦးကြည်စိုးထွန်း၊ ရန်အောင်၊ မိုးယံဇွန်၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ ယုန်လေး၊ အောင်ခိုင်၊ ဂျင်းနီ၊ မယ်လိုဒီ နှင့် ယဉ်လတ်တို့ အဓိက ပါဝင်ခဲ့သည်။

သို့သော် ယင်း သတ်ဖြတ်မည့် လူစာရင်းအကြောင်း ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်းနှင့် အန်ယူဂျီပုံရိပ်ကျဆင်းစေရန်၊ ပျက်စီးစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အန်ယူဂျီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နိုဝင်ဘာ ၁၂ ရက်တွင် ဒေါက်တာဆာဆာက ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနသို့ ပြောဆိုထားသည်။

You can treat me a cup of coffee.

wave

Press ESC to close