ဇာဏ်ခီနှင့် သားဖြစ်သူတို့ အရေးတကြီး ဆေးကုသရန် လိုအပ်နေ

ဇာဏ်ခီတို့ မိသားစုကို တွေ့ရစဉ်။

အနုပညာရှင် ဇာဏ်ခီတို့ မိသားစုတစ်ခုလုံး နေအိမ်အကျယ်ချုပ် ချခံထားရသလို အတွင်းမှာ စစ်ကြေားရေးပုံစံ စစ်ဆေးမေးမြန်းမှုများ ရှိနေပြီး ဆေးကုသမှုရရှိရန်လည်း လိုအပ်နေတယ်လို့ သိရပါတယ်။

 

သားဖြစ်သူဟာ Speech Delay လို့ခေါ်တဲ့ အပြောအဆိုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျနေသူ ဖြစ်သလို ပြီးခဲ့တဲ့ရက်က တမိသားစုလုံး ဘန်ကောက်သို့ ဆေးသွားကုရန် သွားရောက်ခဲ့စဉ်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

ဇာဏ်ခီ ဒူးက လုံးဝ မကောင်းတော့ဘူး။ အဲ့ဒီဝေဒနာ ခံစားနေရတာ (၂) နှစ်လောက်ရှိနေပြီ။ ဆေး အမြန် ကုဖို့ လိုနေပြီ။ သားကလည်း Speech Delay ဖြစ်နေတာ၊ ဆေးခန်းပြရမယ်၊ ဟိုနေ့က သွားတာက ဆေးခန်းပြဖို့ သွားကြတာဟု သတင်းပေးလာသူက ဆိုသည်။

 

ဇာဏ်ခီ၊ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁၇ ရက်နံနက်က ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့နေအိမ်သို့ ပြန်ပို့ကာ ယခုချိန်ထိ နေအိမ်အကျယ်ချုပ် ချခံထားရသည်။


You can treat me a cup of coffee.

Paypal


About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။