ပဲရစ်ကို မရောက်ဖြစ်တဲ့နေ့စွဲများ
သစ္စာတရားဟာ
အဓိပ္ပါယ်ဖွင့်ရလွယ်သလောက်
သူ့ချည်းသက်သက်
ဘယ်တော့မှ လိုရင်းမရောက်နိုင်ခဲ့။
ပန်းတိုင်ဆိုတာ
တစ်ယောက်တည်း သွားရတာလား
နှစ်ယောက်ပေါင်းမှ အထမြောက်တာလား
အလွမ်းအယောင်ပြ အာသာဖြေခြင်းလား
‘ကွန်ဒုံး’ တစ်ထုပ်လောက်ပေးပါ
ဒီနေရာမှာ ခပ်ဆတ်ဆတ်လေး ပါးချခံရတယ်။
သိမ်းထားခဲ့ဖူးတဲ့ မျက်တွင်းနက်နက်တွေ
အမွေးအမြှင်မရှိတဲ့ L’Oreal မိတ်ကပ်တွေ
မြန်မာဆန်ဆန် နှုတ်ခမ်းချင်း နမ်းခဲ့ပုံတွေ
‘ပဲရစ်မြို့ကို သွားချင်သလို
ရွာကိုလည်း ပြန်ချင်နေခဲ့တယ်’
အထိအတွေ့အရ ချောမွတ်ခြင်းဟာ
မာရှတဲ့ အနာဂတ်မှာ လမ်းဆုံးမယ်…
ဟုတ်လား… ဒီလိုဖြစ်ခဲ့လား
အပြစ်မဲ့ အတိတ်ကို ပြန်လည်ရှာဖွေရင်း
ပစ္စုပ္ပန်က ချက်ချင်းလက်ငင်း တွေ
ပျောက်ဆုံးနေခဲ့ကြ။
ဘတ်စ်ကားအချိန်မှတ် တစ်ယောက်လို
အပေါ်ကား ၇ မိနစ်၊ အောက်ကား ၉ မိနစ်
ဘယ်တော့မှ မတိကျ မသေချာခဲ့။
ယျေဘုံယျဆန်လွန်းခြင်းကို မုန်းတယ်။
ဖုန်းအကြာကြီးပြောရတာလည်းမုန်းတယ်။
ရဲရင့်အောင်၊ ဘန်နီဖြိုးနဲ့ One Direction ဘလာ ဘလာ။
သူမကြိုက်တဲ့ Jazz တွေချည်းနားထောင်ပြီး
ကိုယ့်ကိုယ်ကို မသိကျိုးကျွန်ပြုခဲ့။
ဘဝမှာ ဘာအလိုအပ်ဆုံးလဲ ဆိုတာသိဖို့တော့
လုပ်သင့်ခဲ့တဲ့အရာတွေကြားထဲ ပိတ်မိဖူးတဲ့
လိုအပ်မှု ခပ်များများ စတေးနိုင်ရမယ်။
သူ မရတ်
You can treat me a cup of coffee.
Paypal