• Sep 21, 2017
Facebook ပေါ်က သတင်းဌာန အယောင်ဆောင်များ

အစိုးရကိုယ်တိုင်၊ ဝန်ကြီးဌာနတွေကိုယ်တိုင်ကလည်း သတင်းဌာနတွေကို မဖြတ်သန်းစေဘဲ ဖေ့စ်ဘွတ်ကိုအားပြုပြီး ထုတ်ပြန်ချက်တွေ လုပ်ခဲ့၊ အတည်ပြုချက်တွေ လုပ်ခဲ့တော့ လူတွေက Facebook ကို အမှန်ထင်၊ အတည်ယူလာကြတယ်။

  • Sep 20, 2017
ယူဂန်ဒါက ငှက်ပျောသီးနဲ့ ဧည့်သည်များ

တနေ့တုန်းက ယူဂန်ဒါနိုင်ငံက လွှတ်တော်အမတ်တယောက်နဲ့တွေ့တော့ စကားပြော မိတ်ဆွေ ဖွဲ့ဖြစ်တယ်။ ကျနော်က သတင်းထောက်ဆိုပြီး မိတ်ဆက်တော့ ဝမ်းသာအားရနဲ့ သူမှာ ပြောစရာတွေ တပုံတပင်ပဲတဲ့။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားသတဲ့ ...

  • Sep 15, 2017
ဝဋ်ကြွေး

ဒီတကြိမ်၊ မောင်တောကို သွားရတာ ကျနော့်အတွက် အမြင်တွေ အများကြီး ပြောင်းလဲ သွားခဲ့ရတယ်။ သတင်းလုပ်သက်တလျှောက် သိခဲ့၊ နားလည်ခဲ့ရတာတွေ တော်တော်များများဟာ ဒီခရီးက ကျနော့်ကို အများကြီး ပြောင်းလဲ ပေးလိုက်တယ်။ ရခိုင်၊ မွတ်ဆလင်၊ အစိုးရ၊ စစ်တပ်၊ နောက်ပြီး အကြမ်းဖက်သမား စသဖြင့် သူတို့ တစုချင်းအပေါ် ကျနော့် အမြင်တွေလည်း ပြောင်းလဲ သွားခဲ့တယ် ...

  • Sep 12, 2017
စိုးရိမ်ထိတ်လန့်မှု အစစ်အမှန်

တလောက ပါကစ္စတန်က ဆယ်လီတကောင် ရခိုင်အထိ လာမယ် ဆိုပြီး သတင်းတွေ တက်လာတယ်။ တကယ်၊ လာ မလာတော့ မသေချာပါဘူး။ သေချာတာကတော့ သူဟာ ၂၀၁၅ ခုနှစ်က ရခိုင်ပြည်နယ်ထိ ရောက်ခဲ့တယ်။

  • Sep 05, 2017
အမေ့ရွာ၊ အမေ့ကမ္ဘာ

အမေ အမြဲပြောတတ်တဲ့စကားရှိတယ်...အမေ့အမေ ကျနော်တို့အဖွားက ပြောဖူးသတဲ့ "သားသမီးတွေ ပညာတတ်လေလေ၊ မိဘတွေနဲ့ ဝေးလေလေပဲ" တဲ့။

  • Jul 07, 2017
သတင်းထောက် တယောက် သေဆုံးခြင်း

ကျနော် ညွှန်းမယ့်ဇာတ်လမ်းဟာ သတင်းထောက်တွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ အင်မတန် စကားများလွန်းတဲ့ ဇာတ်ကားတကားသာ ဖြစ်ပါတယ် ...

  • Jul 03, 2017
သတင်းထောက်တွေ ဆန္ဒထုတ်ဖော်သင့်သလား

စီအန်အန် တံဆိပ်ကပ်ထားတဲ့လူကို ထရမ့်က လက်သီးနဲ့ထိုးနေတဲ့ဗီဒီယိုဖိုင်တခု ထရမ့်က သူ့ တွစ်တာမှာ မနေ့က တင်လိုက်တယ်။ CNN ကို FNN (Fraud News Network) လို့လည်း နာမည်တပ်ထားတယ်။ ဒီဗီဒီယိုက ထရမ့် သမ္မတ မဖြစ်ခင်က WWE ပွဲမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ ...

  • Jun 28, 2017
စစ်မြေပြင်သွား ဆောင်းပါး နှစ်ခု လေ့လာချက်

လတ်တလော ကျနော်တို့ သတင်းသမားတွေအချင်းချင်းကြား အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဧရာဝတီက သတင်းထောက် လဝီဝမ်ရေးတဲ့ စစ်မြေပြင်သွား ဆောင်းပါးတပုဒ်နဲ့ ဝါရှင်တန်ပို့စ်က သတင်းထောက် လဇ္ဇ ဆလီ တို့ စစ်မြေပြင်သွား ဆောင်းပါးတပုဒ်ကို နိုင်းယှဉ်လေ့လာကြည့်မိပါတယ် ...

  • May 27, 2017
နောက် နှစ် ၂၀ လောက်ကို မြင်ယောင်ကြည့်ပါ

နိုင်ငံအနှံ့က ပရိယတ္တိစာသင်ကျောင်းတိုက်ကြီးတွေမှာ ရှိတဲ့ ကိုရင်၊ ဦးဇင်းအရေအတွက်တွေကို မြင်ယောင်ကြည့်စေချင်ပါတယ်။ ရေလိုက်လွဲနေတဲ့ မဘသ ဆရာတော်တော်တော်များများရဲ့ နေ့စဉ် ဆုံးမသွန်သင်မှုအောက် ကြီးပြင်းလာမယ့် ဒီ ကိုရင်၊ ဦးဇင်းလေးတွေရဲ့ ဦးနှောက် ဆေးကြောခံထားရမှုဟာ ဘယ်လောက်ထိ 'တာ' သွားမလဲ။

  • Mar 21, 2017
ပျက်စီးလုနီးဖြစ်နေတဲ့ မြို့ငယ်တွေ

လက်ရှိတောင်ကုတ်ကို ဒီအတိုင်းဆက်ထားမယ်ဆိုရင် ကြာရင် ထိန်းသိမ်းမရနိုင်တဲ့ အခြေအနေတခုကို ရောက်သွားနိုင်ပြီး အချိန်မီတားဆီးရမယ့် စိုးရိမ်ရေမှတ်ရောက်နေတဲ့ မြို့တမြို့ဖြစ်တယ်။