ဘီး သမားများ၊ Delivery နှင့် ပြဿနာအထွေထွေ

ဘီး သမားများ၊ Delivery နှင့် ပြဿနာအထွေထွေ

လက်ရှိ ရန်ကုန်မြို့မှာစည်းကမ်းအပျက်ဆုံးနဲ့ ဂရုမစိုက်ဆုံး အုပ်စုကို ပြောပါဆိုရင် Food Panda (Foodpanda Rider Myanmar) နဲ့ GrabFood က ဒလီသမားတွေပါပဲ။ အများစုကို ဆိုလိုတာပါ။ လက်ချိုးရေလို့ရတဲ့ ပမာဏလောက်သာ လမ်းပေါ်မှာ စည်းကမ်းရှိရှိနင်းကြသူတွေ တွေ့ရပါတယ်။ တဖက်မှာတော့....

ရခိုင်က မွတ်စလင်ဒုက္ခသည်စခန်းတွေကို အချိန်မီ ဂရုစိုက်ပါ

ရခိုင်က မွတ်စလင်ဒုက္ခသည်စခန်းတွေကို အချိန်မီ ဂရုစိုက်ပါ

ကြေးရတတ် မွတ်စလင်ဒုက္ခသည်တွေရှိပေမယ့် အများစုက ၁၀ ပေပတ်လည်လောက်ရှိတဲ့ အခန်းကျဉ်းထဲ မိသားစုဝင် ၁၂ ယောက်လောက် တူတူနေကြရတာ။ ဈေးတန်းဆိုတာကလည်း အုန်းအုန်းကျွတ်ကျွတ် ရှိတတ်တဲ့နေရာတွေပါ။ ကွာရန်တင်း စင်တာဆိုတာ စဉ်းစားလို့တောင် မရနိုင်တဲ့ကိစ္စ။ ဆိုတော့ တဦးတယောက်လောက်များ ကိုဗစ်ကူးစက်ခဲ့ရင် မတွေးဝံ့စရာ အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန် ဘဏ္ဍာရေးဝန်ကြီး အစားထိုးမှုနဲ့ နောက်ဆက်တွဲ   

ရန်ကုန် ဘဏ္ဍာရေးဝန်ကြီး အစားထိုးမှုနဲ့ နောက်ဆက်တွဲ  

ရန်ကုန်တိုင်းရဲ့ ဘဏ္ဍာရေးကို ဦးရဲမင်းဦးကို ကိုင်တွယ်စေလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာသားပါတဲ့ ပြောင်းရွှေ့မှုတခုများလားဆိုတဲ့ မေးခွန်းကို ဖြစ်စေပါတယ်။ နောက်တခုကတော့ ဦးရဲမင်းဦးပြောင်းရွှေ့လာချိန်ဟာ အင်န်အယ်ဒီအစိုးရ ပထမ ငါးနှစ်သက်တမ်း ကုန်ဆုံးချိန်နီးလာတော့မှ ဆိုတာကိုလည်း သတိချပ်ရမယ်ထင်ပါတယ်။

ဒီမိုကရေစီမှာ မီဒီယာဆိုတာ အတိုက်အခံပါ

ဒီမိုကရေစီမှာ မီဒီယာဆိုတာ အတိုက်အခံပါ

မြန်မာနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးပါတီ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ အာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေဟာ သူတို့အလုပ်ဖြစ်တဲ့ အတိုက်အခံအလုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ စွမ်းရည်မရှိကြပါဘူး။ အောက်လုံးထိုး၊ ခေြထိုးမှုတွေနဲ့သာ လုံးပါးပါးနေကြသူတွဖြစ်ကုန်ပါတယ်။ အစိုးရတရပ်ကို တန်ပြန်အတိုက်အခံမလုပ်နိုင်တော့ဘူးဆိုရင် ဒါဟာ အယောင်ပြဒီမိုကရေစီပဲ ဖြစ်ပါလိမ့်မယ်။

ကျနော်သိတဲ့ စဉ့်ကိုင်

ကျနော်သိတဲ့ စဉ့်ကိုင်

မြို့ကြီးက မွတ်ဆလင် အမျိုးသမီးတွေ၊ တသွာလာ့၊ နှစ်သွာလာ့၊ သုံးသွာလာ့ ငြင်းခုံနေတုန်း၊ အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်စားစေရေး သဘောထားပြင်ထန်တဲ့ မြို့ကြီးသား စာတတ်ပေတတ် မွတ်ဆလင်တွေ ဝေဖန်နေကြစဉ်မှာ ဒီမှာတော့ မိန်းမ၊​ ယောက်ျား၊ ကလေးနဲ့ တမိသားစုလုံးဟာ ထင်းလှည်း တအိအိနဲ့။

ရှမ်းပြည်တပ်မတော် (SSA) နှင့် တွေ့ဆုံခြင်း

ရှမ်းပြည်တပ်မတော် (SSA) နှင့် တွေ့ဆုံခြင်း

ရှမ်းပြည်တပ်မတော်ဆိုတာ နဂိုကတည်းက ရှိပြီးသား။ ကျုပ်တို့ဟာ ကိုယ်ပိုင်နိုင်ငံတော်၊ ကိုယ်ပိုင် မင်းနဲ့ နေခဲ့ကြတာ။ ပြောရရင် ဗမာနဲ့ ရှမ်းဆိုတာ ကိုယ်ပိုင်နိုင်ငံတွေ နေခဲ့ကြတာ။ ဒါပေမယ့် ဗမာတွေဟာ ရှမ်းပြည်နယ်အပေါ် ဘယ်တုန်းက မရိုးသားခဲ့ဘူး။ ကျုပ်တို့ လူမျိုးတွေ အခွင့်အရေး ရရှိရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်အတွက် ကျုပ်တို့ တိုက်ပွဲဝင်နေကြတာပဲ။

ရခိုင်မှာ 3G/4G ပြန်ဖွင့်ဖို့လိုပါတယ်

ရခိုင်မှာ 3G/4G ပြန်ဖွင့်ဖို့လိုပါတယ်

ကျနော်တို့ ခင်ဗျားတို့က “သတိရှိကြပါ၊ Mask တပ်ကြပါ၊ လက်ဆေးကြပါ၊ မပေါ့ကြပါနဲ့” ဆိုပြီး ရေးနေတာတွေကို သူတို့ မမြင်ကြပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့က ဖုန်းတချက် ကောက်နှိပ်လိုက်တာနဲ့ သိနိုင်ပေမယ့် ရခိုင်မှာရှိတဲ့ ရွာသိမ်ရွာငယ်ပေါင်းများစွာက လူတွေဟာ ဘယ်သူ့ကို ဖုန်းဆက်ပြီး မေးရမလဲ၊ဘယ်မှာဘာတွေဖြစ်နေသလဲဆိုတာတောင် မသိနိုင်ကြပါဘူး။

Fixed Gear နဲ့ နိုင်ငံကြီးသား

Fixed Gear နဲ့ နိုင်ငံကြီးသား

ပညာရေးနိမ့်ကျခဲ့ရတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းမှာ အရာရာဟာ စကားပြောချင်း၊ အပြန်အလှန် ဆွေးနွေးခြင်းနဲ့သာ ယဥ်ကျေးမှုတစ်ခု သက်ဝင်ခြင်းကို ဖြစ်စေမှာပါ။ စက်ဘီးယဉ်ကျေးမှု ထွန်းကားလာဖို့၊ စက်ဘီးသမားတွေရဲ့ လမ်းပေါ်က အခက်အခဲတွေကို ဘီးသမားမဟုတ်သူတွေ နားလည်လာစေဖို့ ကျနော်တို့ ဘီးစီးသူတွေကိုယ်တိုင် တွေ့ရာနေရာမှာ ရှင်းပြ၊ ပြောပြပေးကြဖို့ပါပဲ။

စံလွဲနေတဲ့ လောက

စံလွဲနေတဲ့ လောက

ခင်ဗျားတို့ တန်ဖိုးထားတဲ့ “စံ” တွေက သူတို့ တန်ဖိုးထားတဲ့ “စံ”တွေနဲ့ မတူသလို သူတို့လေးစား အားကျနေကျသူတွေဟာ ခင်ဗျားတို့ လေးစားအားကျနေသူတွေ မဟုတ်လို့ပါပဲ။

ဘားအံသွား တောလား

ဘားအံသွား တောလား

ကရင်ပြည်နယ်ဆိုတာကလည်း ရိုးရာယုံကြည်မှုတွေနဲ့အတူ “ဘာသာရေးကိုင်းရှိုင်းမှု မြင့်မား” ကြတယ်။ လက်နက်ကိုင်တွေနဲ့အတူ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဩဇာကလည်း ကြီးမားနေဆဲပါပဲ။ ဒေသခံတွေအဖို့တော့ ပြဿနာတခုအကြောင်း စလိုက်ရင် ဒီလို အဖွဲ့အစည်း၊ ဩဇာကြီးမှုတွေကို ထည့်သွင်းစဉ်းစားပြောလေ့ရှိကြတယ်။ ရပ်တန့်နေတာတွေ၊ တွန့်ဆုတ်နေတာတွေဟာ သူ့ရဲ့နောက်ခံသမိုင်းနဲ့အတူ နက်နက်နဲနဲ ရှိကြမှာပါပဲ။

ဘာကြောင့် နေရာပေး ဆက်ဆံနေကြသလဲ

ဘာကြောင့် နေရာပေး ဆက်ဆံနေကြသလဲ

ဒီလိုကျင့်ဝတ်မညီတဲ့၊ ကိုယ့် ပရော်ဖက်ရှင်နယ်ကို တန်ကြေးဖြတ်တဲ့ သတင်းထောက်တွေကို တခြားသတင်းထောက်တွေက နေရာပေးပြီး ဘာလို့ ဆက်ဆံနေကြသေးသလဲ ဆိုတာပါပဲ။ ဘာလို့လဲ....?

သဗ္ဗလိဂ် ဂျမာ့အ်သ် အဖွဲ့ဝင်တွေ ဘယ်ရောက်နေလဲ

သဗ္ဗလိဂ် ဂျမာ့အ်သ် အဖွဲ့ဝင်တွေ ဘယ်ရောက်နေလဲ

သဗ္ဗလိဂ် ဂျမာ့အ်သ် တွေ့ဆုံမှုဟာ မတ် ၁၃ ကနေ ၁၅ ထိ သုံးရက်ကြာခဲ့ပြီး နိုင်ငံအနှံ့က လူထောင်ချီ လာရောက် စုဝေးခဲ့ကြပါတယ်။ စုဝေးနေချိန်ဟာ အိန္ဒိယမှာ စတင်ပြီး lockdown လုပ်ဖို့ ပြင်ဆင်နေချိန်ပါပဲ။ ဒေလီက ဘာသာရေးပြင်းထန်သူ မွတ်စလင် ဝေဖန်ရေးဆရာတွေကတော့ “ဒီလိုဖြစ်မယ်မှန်းသိရင် အစကတည်းက ခွင့်မပြုခဲ့သင့်ဘူး” ဆိုပြီး ဒီ လူထောင်ချီပွဲကြီးကို ခွင့်ပြုပေးခဲ့မှုအတွက် အစိုးရကို တုံ့ပြန်ဝေဖန်ပါတယ်။

About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။