• Sep 10, 2021
အီတိုးကို ဘယ်လို ဖမ်းခဲ့သလဲ

နံနက် ၈ နာရီခွဲမတိုင်ခင်က မစိုးရိမ်ကျောင်းလမ်းကို တစ်ဖက်တချက် ပိတ်ထားခဲ့ပြီး ၈ နာရီခွဲမှာ ပြန်လည် ဖွင့်ပေးလိုက်တာကို တွေ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဆိုပါတယ်။

  • Sep 06, 2021
အန်ဂျီအို ဝန်ထမ်း ၂၃၀ ကျော်ကို အလုပ်မှ ရပ်နားကြောင်း စစ်ကောင်စီ အမိန့်ထုတ်  

ရရှိထားသည့် စာရွက်စာတမ်းများအရ ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ တိုင်းနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနမှူးများအားလုံးနှင့် ညွှန်ကြားရေးမှူးများ အားလုံးထံ လိပ်မူပြီး “ပျက်ကွက်သူများ အားလုံး (Work from home အပါအဝင်) တာဝန်မှ ရပ်စဲကြောင်း” ဟု စက်တင်ဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ပါရှိသည်။

  • Sep 05, 2021
မင်းအောင်လှိုင်တို့ မိသားစု ရုရှား ပြေးကြတယ် (ဆိုတဲ့) ကိစ္စ

MAI လေကြောင်းလိုင်း A319 (XY-AGR) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကို သွားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် မင်းအောင်လှိုင်တို့ မပါပါဘူး။

  • Sep 05, 2021
အန်ယူဂျီ၊ ပီဒီအက်ဖ်နဲ့ ပြောရေးဆိုခွင့်ရှိသူ

နားမလည်နိုင်တာက အန်ယူဂျီကို လူတွေက ထောက်ခံထားပြီးပြီပဲ။ ဒါကို ဘာလို့ အတင်းကြီး မိုတီတွေစွတ်ပေးပြီး သူတို့ကို ထောက်ခံထားတာဟာ သင့်တော်ကြောင်း ခဏခဏ ပြချင်နေတာလည်းဆိုတာ စဉ်းစားမရဘူး။

  • Sep 01, 2021
ငွေဆောင်တွင် စစ်တပ်နှင့်ရဲ ပူးပေါင်း၍ လာရောက် စခန်းချ  

“ပြီးခဲ့တဲ့ ရက်ပိုင်းက လေယာဉ်ပျံ လာသေးတယ်။ တောဘက်ကိုပဲ နိမ့်နိမ့်လေးပျံသွားတာ တွေ့ရတယ်။ တောနင်းရှာမယ်လို့လည်း သတင်းတွေ ထွက်နေတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

  • Aug 31, 2021
မသန်စွမ်းသူများအသင်းချုပ်ကို စစ်တပ် ထောက်ခံသူများဖြင့် ပြန်လည်ဖွဲ့စည်း

ဒေါက်တာမျိုးမြတ်မောင်မှာ ဒေါ်သက်သက်ခိုင်၏ ဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဒုညွှန်မှူး ဖြစ်ပြီး ယခင်က စစ်ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ အာဏာမသိမ်းခင်က အတွင်းရေးမှူး ရာထူးဖြစ်သော်လည်း ယခုဖွဲ့စည်းလိုက်သည့် ဖွဲ့စည်းပုံအသစ်တွင် ဒုဥက္ကဋ္ဌ ဖြစ်လာသည်။

  • Aug 31, 2021
ရှမ်းမြောက် နမ့်ဆန်တွင်  TNLA က လူသစ်စုဆောင်းနေ

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သည် ၎င်းတို့ အခြေချရာ မြို့နယ်များတွင် လူသစ်စုဆောင်းသည်မှာ ထုံးစံဖြစ်သော်လည်း “အရင်ကတည်းကကောက်ကြတာပါ၊ ဒီချိန်ဒီကာလမှာ မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

  • Aug 29, 2021
စစ် ဆေးရုံတွေကို ဘယ်ကုမ္ပဏီက ဆေးရုံသုံးပစ္စည်းတွေ ရောင်းချနေသလဲ  

"တကယ်လို့သာ ဥက္ကာသီရိက စစ်ဆေးရုံကို ဆက်ပြီး ဝန်ဆောင်မှု မပေးတော့ဘူးဆိုရင် စစ်ဆေးရုံတွေ လည်ပတ်ဖို့ အတော်ခက်သွားလိမ့်မယ်။ ဒါဆိုရင် စစ်ကောင်စီရဲ့ ဆေးရုံတွေ ဒုက္ခရောက်သွားလိမ့်မယ်။ ခုက သူတို့က ဆက်ပြီး အလုပ်လုပ်ပေးနေတုန်းပဲ” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

  • Aug 28, 2021
ရန်ကုန် မန္တလေးမှ ပီဒီအက်ဖ်များ အပါအဝင် တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်း

ဧပြီလမှ စတင်ကာ ကိုယ့်ဦးဆောင်မှုနှင့်ကိုယ်တိုင် ဖွဲ့စည်းခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းမှုမှာ ယခုတစ်ကြိမ်သည် အစုအဖွဲ့ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

  • Aug 25, 2021
ပီဒီအက်ဖ်၊ အန်ယူဂျီကြား အချိတ်အဆက် နဲ့ အရှိတရား  

တော်လှန်ရေး အစိုးရ ဆိုပေတဲ့လို့ တော်လှန်ရေး မလုပ်နိုင်ဘဲ အစိုးရအလုပ်တွေကိုသာ လုပ်နေရတယ်လို့ သဘောပေါက်ပါတယ်။