• Apr 03, 2021
ရှင်းဟန်ဘဏ်က ဝန်ထမ်းများကို မဖြစ်မနေ ရုံးတက်စေခဲ့

မတ် ၃၁ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဦးချစ်မောင်လမ်းတွင် ဖယ်ရီကားပေါ်တွင် လိုက်ပါလာသည့် ရှင်းဟန်ဘဏ်ဝန်ထမ်း မစုစုကြည်မှာ မင်းအောင်လှိုင်၏ အကြမ်းဖက်တပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုကျည်ထိမှန်ကာ သေဆုံးခဲ့သည်။

  • Mar 27, 2021
ရန်ကုန် ဒလတွင် အနည်းဆုံး ၆ ဦးကျဆုံး၊ စာရင်း မြင့်လာနိုင်ချေရှိ

ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ဆိုတဲ့ အမျိုးသမီး နှစ်ဦးကို သူတို့နေထိုင်ရာ အိမ်မှာ မတ် ၂၆ ရက်က လာရောက်ဖမ်းခေါ်သွားခဲ့ရာက စတင်ခဲ့တာပါ။

  • Mar 26, 2021
မြိတ်မှာ ယနေ့ ကျဆုံးသူ ၄ ဦးထိရှိသွားပြီ

“အခုက သေသွားတယ်ဆိုရင်တောင် ဓာတ်ပုံ မရိုက်ရဲဘူး၊ ဘယ်သူဆိုတာ မပြောရဲကြဘူး ဖြစ်နေတယ်။ နေရာကိုသိရင် အလောင်း လာလုမှာစိုးလို့” ဟု မြိတ်ဒေသခံတဦးက ပြောသည်။

  • Mar 26, 2021
မြိတ်မှာ သပိတ်ဖြိုခွင်းမှု အနည်းဆုံး ၁ ဦးကျဆုံး

မြို့သစ်၊ ရွှေပြည်တန် လမ်းမကြီးနှင့် အင်းလေးမြိုင်ရပ်ကွက်တို့မှာ မင်းအောင်လှိုင်၏ လက်နက်ကိုင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်၊ ရာဘာကျည်အသံဗုံးများဖြင့် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

  • Mar 26, 2021
တောင်ဒဂုံတွင် ယမန်နေ့ညက ၁ ဦးကျဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ  

ယမန်နေ့ည ၁၀ နာရီကျော်အချိန်က တောင်ဒဂုံ ၇၂ ရပ်ကွက်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၁ ဦး ဦးခေါင်းပွင့်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့ပြင် ကနဦးသိရသည့် အချက်အလက်များအရ ၁၅ ဦးကျော်ဖမ်းဆီးခံရသည်ဟု သိရပြီး ယင်းအနက် ဒဏ်ရာရသူအချို့လည်း ပါဝင်သွားသည်။

  • Mar 25, 2021
ကျနော်တို့ အားနာခဲ့ကြတယ်

ကျနော်တို့ သတင်းသမား အလုပ်ဟာ ရပ်တည်ချက်ကို ရင်းပြီးလုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကိုမှ တောင့်မခံနိုင်ရင် တောင့်မခံခဲ့ကြရင် ဒီလူတွေကပဲ ဒီလောကကို ပြန် ဒုက္ခပေးမှာ ဖြစ်ပါတယ်။

  • Mar 25, 2021
CRPH နဲ့ မပတ်သက်ဖို့ စူပါမားကက်များကို စစ်ကောင်စီ သတိပေး

ရန်ကုန်တိုင်းမှူးက ၁၀ မိနစ်ခန့် ပြောဆိုရာတွင် “CRPH နှင့် မပတ်သက်ရန်နှင့် ပတ်သက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်” လို့ ပြောဆိုပြီး ဆိုင်တာဝန်ရှိသူတွေကို ပြန်လွှတ်လိုက်တယ် လို့ဆိုပါတယ်။

  • Mar 25, 2021
ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက ဒဏ်ရိုက်ရန် ပြင်ဆင်

အမိန့်များကို မလိုက်နာဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ဘဏ်လိုင်စင်ကို ရုတ်သိမ်းသည်အထိ ဖြစ်လာနိုင်သည်။

  • Mar 24, 2021
စူပါမားကက်များနှင့် နာမည်ကြီး စတိုးဆိုင်များမှ ဝန်ထမ်း ၁၀၀ နီးပါး ထိန်းသိမ်းခံထားရ

ဝန်ထမ်းအများစုကို ဆိုင်များတည်ရှိရာ မြို့နယ် စည်ပင်ရုံးများက ယနေ့တွင် မဖြစ်မနေ လိုက်ပါရမည်ဟုဆိုကာ ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူခဲ့သည်ဟု သိရသည်။ ထို့နောက် ဝန်ထမ်းများအားလုံးကို မြို့တော်ခန်းမ စည်ပင်ရုံးချုပ်ကို ခေါ်သွားခဲ့ပြီး ပါလာသည့် ဖုန်းများကိုလည်း စက်ပိတ်ကာ ရုံးအဝင်ဝတွင် ထားခဲ့ရသည်ဟု သိရသည်။

  • Mar 24, 2021
သံလွင်မြစ်ကမ်းဘေးမှ ဆန်အိတ်များ မဲဆောက်ကို ပြန်သယ်

ထိုင်းမြန်မာနယ်စပ် မယ်ဆန်(မ်)လဲ့ ဒေသတဝိုက်သည် ကရင်အမျိုးအသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နယ်မြေထဲတွင်ရှိနေသည်။ ကေအင်န်ယူ တပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများမှာ အာဏာသိမ်းပြီးကတည်းက ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်နေခဲ့ခြင်းဖြစ်သည်။