ရန်ကုန်မြို့တွင်း ဖောက်ခွဲမှုများကို ဖ.ဆ.လ.တ ကြေညာ
နာမည်ကြီးခဲ့သည့် တာမွေ၊ ကျောက်မြောင်းမှ စစ်သုံးထရပ်ကားကို ဖောက်ခွဲခဲ့သည်မှာလည်း ဖ.ဆ.လ.တ ပင်ဖြစ်သည်။
စစ် ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့ ဝင်ခွင့်စာမေးပွဲအောင်မြင်သူ ယခင်နှစ်များကထက် နှစ်ဆကျော်ရှိခဲ့
အပတ်စဉ် ၂၄ တွင် အထူးပြုဘာသာရပ်စုစုပေါင်း အောင်မြင်သူ ၁၅၀ နီးပါး၊ အပတ်စဉ် ၂၅ တွင် အောင်မြင်သူ ၁၉၅ နှင့် အပတ်စဉ် ၂၈ တွင် ၁၈၀ နီးပါးသာရှိခဲ့ပြီး ယခုနောက်ဆုံး အပတ်စဉ် ၂၉ တွင် အောင်မြင်သူ ၃၀၈ ဦးထိ ရှိခဲ့ခြင်းဖြစ်သည်။
မန္တလေး မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ် အကြမ်းဖက် ဖြိုခွင်းခံရ
“၃ ယောက် တိုက်ခံရတယ်။ နှစ်ယောက်ကတော့ မြေပေါ်မှာ လူးလှိမ့်နေတာ မြင်ခဲ့ရတယ်” ဟု ကားဖြင့် ဝင်တိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ဆိုသည်။
စကစ ပြည်ထဲရေးဝန်ကြီး၏ဇနီး ဒေါ်နီလာစိန် နေပြည်တော်တွင် ထင်တိုင်းကျဲနေ
ပြည်ထဲရေးနာမည်အောက်မှ ကျင်းပသည့် ပျော်ပွဲ ရွှင်ပွဲများနှင့် အမျိုးသမီးရေးရာဆိုင်ရာ ကိစ္စရပ်များကို ကိုယ်တိုင်ကြီးကြပ်နေပြီး ယင်းပွဲများကို နေပြည်တော်တွင် အဓိကထား ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
ဆေးဝါးကုမ္ပဏီများက Non-CDM ဆရာဝန်များကို ဆက်သွယ်ထောက်ပံ့နေ
“သူတို့ (ကုမ္ပဏီ လူကြီးပိုင်း) တွေက အတင်းသွားခိုင်းတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အရောင်း သတ်မှတ်ချက် မပြည့်ရင် ကုမ္ပဏီတွင်းမှာ ဖိအားပေးတယ်။ ဆိုတော့ မဖြစ်မနေသွားကြရတယ်” ဟု သတင်းပေးလာသူက ဆိုသည်။
WHO နှင့် INGO ဝန်ထမ်းများကို စစ်ကောင်စီ ခြိမ်းခြောက်၍ အလုပ်ပြန်ဝင်ခိုင်းနေ
“UNနဲ့ INGO ကခန့်ထားတဲ့သူတွေကို CDM လုပ်နေတဲ့ အစိုးရဝန်ထမ်းတွေ နေရာမှာ အစားထိုးပြီး လုပ်ငန်းပြန်လည်ပတ်နိုင်အောင် ကြိုးစားနေတာ” ဟု သတင်းပေးလာသူက ဆိုသည်။
MAI အော်ပရေးရှင်းပိုင်း၏ CEO ကိုယ်တိုင် လိုက်ပါ၍ ဂျာကာတာသို့ သွားမည်
လာမည့် စနေနေ့ ဂျာကာတာတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ မင်းအောင်လှိုင် သွားရောက်မည်လားဆိုသည်မှာ မရေမရာဖြစ်နေသေးချိန်တွင် ဂျာကာတာသို့ ပျံသန်းမည့် လေကြောင်းတာဝန်ရှိသူများ၏ စာရင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းစာရင်းကို Mratt’s Channel က ရရှိထားသည်။
Puma Energy ၏ နည်းပညာနှင့် အဆောက်အအုံများကို အသုံးပြု၍ စစ်ကောင်စီက ဆက်လက်လည်ပတ်နေ
Puma က ၎င်း၏ လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ရပ်တန့်မည်ဟု ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သီလဝါရှိ Puma ၏ ဆီသိုလှောင်ရုံများကို မင်းအောင်လှိုင်စစ်တပ်က ထိန်းချုပ်လိုက်ကြောင်း သတင်းရေးခဲ့ပြီး ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က NUG ကို အသိအမှတ်ပြု
ITUC အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပထမဆုံး အသိအမှတ်ပြု လက်ခံကြိုဆိုလိုက်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကနီမှာ ဘာတွေဖြစ်နေသလဲ
Mratt’s Channel အနေနဲ့ ကနီနဲ့ပတ်သက်လို့ မြေပြင်မှာ တကယ်ရှိနေတဲ့လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ တောက်လျှောက် ကြိုးစားခဲ့ပါတယ်။ မနေ့ကတော့ ယုံကြည်ရသူတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး ပျံ့နှံ့နေတဲ့၊ ပျံ့နှံ့ခဲ့တဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။