• Mar 25, 2021
CRPH နဲ့ မပတ်သက်ဖို့ စူပါမားကက်များကို စစ်ကောင်စီ သတိပေး

ရန်ကုန်တိုင်းမှူးက ၁၀ မိနစ်ခန့် ပြောဆိုရာတွင် “CRPH နှင့် မပတ်သက်ရန်နှင့် ပတ်သက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်” လို့ ပြောဆိုပြီး ဆိုင်တာဝန်ရှိသူတွေကို ပြန်လွှတ်လိုက်တယ် လို့ဆိုပါတယ်။

  • Mar 25, 2021
ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက ဒဏ်ရိုက်ရန် ပြင်ဆင်

အမိန့်များကို မလိုက်နာဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ဘဏ်လိုင်စင်ကို ရုတ်သိမ်းသည်အထိ ဖြစ်လာနိုင်သည်။

  • Mar 24, 2021
စူပါမားကက်များနှင့် နာမည်ကြီး စတိုးဆိုင်များမှ ဝန်ထမ်း ၁၀၀ နီးပါး ထိန်းသိမ်းခံထားရ

ဝန်ထမ်းအများစုကို ဆိုင်များတည်ရှိရာ မြို့နယ် စည်ပင်ရုံးများက ယနေ့တွင် မဖြစ်မနေ လိုက်ပါရမည်ဟုဆိုကာ ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူခဲ့သည်ဟု သိရသည်။ ထို့နောက် ဝန်ထမ်းများအားလုံးကို မြို့တော်ခန်းမ စည်ပင်ရုံးချုပ်ကို ခေါ်သွားခဲ့ပြီး ပါလာသည့် ဖုန်းများကိုလည်း စက်ပိတ်ကာ ရုံးအဝင်ဝတွင် ထားခဲ့ရသည်ဟု သိရသည်။

  • Mar 24, 2021
သံလွင်မြစ်ကမ်းဘေးမှ ဆန်အိတ်များ မဲဆောက်ကို ပြန်သယ်

ထိုင်းမြန်မာနယ်စပ် မယ်ဆန်(မ်)လဲ့ ဒေသတဝိုက်သည် ကရင်အမျိုးအသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နယ်မြေထဲတွင်ရှိနေသည်။ ကေအင်န်ယူ တပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများမှာ အာဏာသိမ်းပြီးကတည်းက ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်နေခဲ့ခြင်းဖြစ်သည်။

  • Mar 20, 2021
မိုးကုတ်တွင် ယမန်နေ့ညက ၁ ဦးကျဆုံး၊ ၂ ဦးအပြင်းအထန် ဒဏ်ရာရထား

ယခု နေ့လယ်ပိုင်းတွင် ကျဆုံးသွားသူကို လိုက်ပို့နိုင်ရန် မြို့ခံများက ဆေးရုံတွင် စောင့်ဆိုင်းလျက်ရှိသည်ဟု ဆိုသည်။

  • Mar 19, 2021
CDM ဝန်ထမ်းတွေ ဝန်ထမ်းအိမ်ရာမှ မတ် ၂၅ နောက်ဆုံးထား ဆင်းရမည်

အာဏာလု မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ CDM မှာ ပါဝင်နေတဲ့နိုင်ငံ့ဝန်ထမ်းတွေကို တာဝန်ကနေ ရပ်ဆိုင်းတာ၊ ထုတ်ပယ်တာတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာပါ။

  • Mar 11, 2021
မန္တလေး၊ ပဲခူးနှင့် တောင်ငူ တို့တွင် ၁ ဦးစီ ပစ်ခတ်ခံရ၍ သေဆုံး  

ပဲခူးတွင် သေဆုံးသွားသူ ကိုရွှေအမှာ ‘ဆွံအသူ’ မသန်စွမ်း ဖြစ်သည်။

  • Mar 11, 2021
ပခုက္ကူ မြိုင်မြို့တွင် ရဲလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ၆ ဦးကျဆုံး  

“တတိယမြောက် ရောက်လာတဲ့သူက၊ မလှုပ်တော့ဘူး၊ အဲ့ဒါနဲ့ ကျနော်က ဘယ်သူလဲဆိုပြီး သေချာ ကြည့်တာ၊ ကျနော့် ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း၊ ကျနော့် သူငယ်ချင်းအရင်းကြီး” ဟု အလောင်းများကို သယ်ယူနေသူက ဆိုသည်။ ဖုန်းဆက်နေစဉ်မှာပင် သူ့ငိုသံကို ကြားနေရသည်

  • Mar 09, 2021
လမ်းမတော်မှာ ဘာဖြစ်ခဲ့တာလဲ

“အားလုံး စစ်ဝတ်စုံတွေနဲ့ချည်းပဲ။ သူတို့ကို ဖမ်းဆီးစစ်ဆေးလို့ ပြန်ပြီး ကလဲ့စားချေတဲ့အနေနဲ့ လမ်းထဲက လူတွေကို ဝင်ဆွဲတာ။ ပြီးတော့ ကားကို စစ်တဲ့အချိန်မှာက အားလုံး ယောက်ျားလေးတွေချည်းပဲလေ၊ ဒီကောင်တွေက အငြိုးနဲ့ပြန်လာတာ” လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရသူ ပြောပါတယ်။

  • Mar 07, 2021
ထီးလင်းတွင် ဖမ်းဆီးခံရသူလွတ်မြောက်ရေး တောင်းဆိုသူများကို ဖြိုခွဲရာ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

“ရင်ဘတ်ကို မှန်ပြီး ပွဲချင်းပြီးသေတာ တယောက်ဗျ။ ပေါင်ကို ထုတ်ချင်းဖောက်မှန်တာ နှစ်ယောက်၊ စုစုပေါင်း ၇ ယောက်လောက် အပြင်းအထန် ဒဏ်ရရထားတယ်” ဟု တောင်းဆိုရာတွင် ပါဝင်ခဲ့သူက ပြောသည်။