ရန်ကုန်က စက်ဘီးလမ်း (၁)
ပြဿနာက ခု စက်ဘီးလမ်းပေါ် ရပ်ထားတဲ့ကား မှန်သမျှကို ကြည့်လိုက်ရင် တစီးမှ မြေသယ်ကား၊ အုတ်သဲကျောက်တင်ကား၊ အမှိုက်သိမ်းယဉ် စတဲ့ ရမ်းကားပါတယ်ဆိုတဲ့ ကားတွေ မတွေ့ရဘဲ၊ လူယဉ်ကျေးအများစုရဲ့ ကိုယ်ပိုင်ကားတွေကိုပဲ စက်ဘီးလမ်းပေါ် တွေ့ရတယ် ဆိုတာပါပဲ။ ဒုတိယအများဆုံးကတော့ တက္ကစီတွေပါ။
စပစ်ဖိုင်းယ အောင်နိုင်မှုမှ အတွေးတစ
စိတ်ဓာတ်ရေးရာမှာ ဂျာမန် မစ်ရှာရှမစ်တိုက်လေယာဉ်မှူးတွေဟာ မပျော်တော့ဘူး။ တနေကုန်တိုက်၊ ဘားသွား၊ မိန်းကလေးတွေကလည်း မကြည်၊ အကပ်မခံ၊ လူတွေက မျက်စောင်းထိုးကြည့်၊ ညစ်ညစ်နဲ့ သောက်၊ နောက်နေ့ လေပေါ်ဆက်ပျံ။ တဖက်မှာတော့ ပျော်ရွှင်မြူးတူးနေတဲ့ စပစ်ဖိုင်းယ လေယာဉ်မှူးတွေဟာ ပြောရရင် စိတ်ဓာတ်ရေးရာမှာ တက်ကြွနေကြပြီး စစ်တိုက်ရာမှာလည်း စိတ်ပါလက်ပါ ရှိနေကြတာပါပဲ။
ဘီး သမားများ၊ Delivery နှင့် ပြဿနာအထွေထွေ
လက်ရှိ ရန်ကုန်မြို့မှာစည်းကမ်းအပျက်ဆုံးနဲ့ ဂရုမစိုက်ဆုံး အုပ်စုကို ပြောပါဆိုရင် Food Panda (Foodpanda Rider Myanmar) နဲ့ GrabFood က ဒလီသမားတွေပါပဲ။ အများစုကို ဆိုလိုတာပါ။ လက်ချိုးရေလို့ရတဲ့ ပမာဏလောက်သာ လမ်းပေါ်မှာ စည်းကမ်းရှိရှိနင်းကြသူတွေ တွေ့ရပါတယ်။ တဖက်မှာတော့....
ရခိုင်က မွတ်စလင်ဒုက္ခသည်စခန်းတွေကို အချိန်မီ ဂရုစိုက်ပါ
ကြေးရတတ် မွတ်စလင်ဒုက္ခသည်တွေရှိပေမယ့် အများစုက ၁၀ ပေပတ်လည်လောက်ရှိတဲ့ အခန်းကျဉ်းထဲ မိသားစုဝင် ၁၂ ယောက်လောက် တူတူနေကြရတာ။ ဈေးတန်းဆိုတာကလည်း အုန်းအုန်းကျွတ်ကျွတ် ရှိတတ်တဲ့နေရာတွေပါ။ ကွာရန်တင်း စင်တာဆိုတာ စဉ်းစားလို့တောင် မရနိုင်တဲ့ကိစ္စ။ ဆိုတော့ တဦးတယောက်လောက်များ ကိုဗစ်ကူးစက်ခဲ့ရင် မတွေးဝံ့စရာ အခြေအနေ ဖြစ်ပါတယ်။
ရန်ကုန် ဘဏ္ဍာရေးဝန်ကြီး အစားထိုးမှုနဲ့ နောက်ဆက်တွဲ
ရန်ကုန်တိုင်းရဲ့ ဘဏ္ဍာရေးကို ဦးရဲမင်းဦးကို ကိုင်တွယ်စေလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာသားပါတဲ့ ပြောင်းရွှေ့မှုတခုများလားဆိုတဲ့ မေးခွန်းကို ဖြစ်စေပါတယ်။ နောက်တခုကတော့ ဦးရဲမင်းဦးပြောင်းရွှေ့လာချိန်ဟာ အင်န်အယ်ဒီအစိုးရ ပထမ ငါးနှစ်သက်တမ်း ကုန်ဆုံးချိန်နီးလာတော့မှ ဆိုတာကိုလည်း သတိချပ်ရမယ်ထင်ပါတယ်။
ဒီမိုကရေစီမှာ မီဒီယာဆိုတာ အတိုက်အခံပါ
မြန်မာနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးပါတီ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ အာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေဟာ သူတို့အလုပ်ဖြစ်တဲ့ အတိုက်အခံအလုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ စွမ်းရည်မရှိကြပါဘူး။ အောက်လုံးထိုး၊ ခေြထိုးမှုတွေနဲ့သာ လုံးပါးပါးနေကြသူတွဖြစ်ကုန်ပါတယ်။ အစိုးရတရပ်ကို တန်ပြန်အတိုက်အခံမလုပ်နိုင်တော့ဘူးဆိုရင် ဒါဟာ အယောင်ပြဒီမိုကရေစီပဲ ဖြစ်ပါလိမ့်မယ်။
ကျနော်သိတဲ့ စဉ့်ကိုင်
မြို့ကြီးက မွတ်ဆလင် အမျိုးသမီးတွေ၊ တသွာလာ့၊ နှစ်သွာလာ့၊ သုံးသွာလာ့ ငြင်းခုံနေတုန်း၊ အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်စားစေရေး သဘောထားပြင်ထန်တဲ့ မြို့ကြီးသား စာတတ်ပေတတ် မွတ်ဆလင်တွေ ဝေဖန်နေကြစဉ်မှာ ဒီမှာတော့ မိန်းမ၊ ယောက်ျား၊ ကလေးနဲ့ တမိသားစုလုံးဟာ ထင်းလှည်း တအိအိနဲ့။
ရှမ်းပြည်တပ်မတော် (SSA) နှင့် တွေ့ဆုံခြင်း
ရှမ်းပြည်တပ်မတော်ဆိုတာ နဂိုကတည်းက ရှိပြီးသား။ ကျုပ်တို့ဟာ ကိုယ်ပိုင်နိုင်ငံတော်၊ ကိုယ်ပိုင် မင်းနဲ့ နေခဲ့ကြတာ။ ပြောရရင် ဗမာနဲ့ ရှမ်းဆိုတာ ကိုယ်ပိုင်နိုင်ငံတွေ နေခဲ့ကြတာ။ ဒါပေမယ့် ဗမာတွေဟာ ရှမ်းပြည်နယ်အပေါ် ဘယ်တုန်းက မရိုးသားခဲ့ဘူး။ ကျုပ်တို့ လူမျိုးတွေ အခွင့်အရေး ရရှိရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်အတွက် ကျုပ်တို့ တိုက်ပွဲဝင်နေကြတာပဲ။
ရခိုင်မှာ 3G/4G ပြန်ဖွင့်ဖို့လိုပါတယ်
ကျနော်တို့ ခင်ဗျားတို့က “သတိရှိကြပါ၊ Mask တပ်ကြပါ၊ လက်ဆေးကြပါ၊ မပေါ့ကြပါနဲ့” ဆိုပြီး ရေးနေတာတွေကို သူတို့ မမြင်ကြပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့က ဖုန်းတချက် ကောက်နှိပ်လိုက်တာနဲ့ သိနိုင်ပေမယ့် ရခိုင်မှာရှိတဲ့ ရွာသိမ်ရွာငယ်ပေါင်းများစွာက လူတွေဟာ ဘယ်သူ့ကို ဖုန်းဆက်ပြီး မေးရမလဲ၊ဘယ်မှာဘာတွေဖြစ်နေသလဲဆိုတာတောင် မသိနိုင်ကြပါဘူး။
Fixed Gear နဲ့ နိုင်ငံကြီးသား
ပညာရေးနိမ့်ကျခဲ့ရတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းမှာ အရာရာဟာ စကားပြောချင်း၊ အပြန်အလှန် ဆွေးနွေးခြင်းနဲ့သာ ယဥ်ကျေးမှုတစ်ခု သက်ဝင်ခြင်းကို ဖြစ်စေမှာပါ။ စက်ဘီးယဉ်ကျေးမှု ထွန်းကားလာဖို့၊ စက်ဘီးသမားတွေရဲ့ လမ်းပေါ်က အခက်အခဲတွေကို ဘီးသမားမဟုတ်သူတွေ နားလည်လာစေဖို့ ကျနော်တို့ ဘီးစီးသူတွေကိုယ်တိုင် တွေ့ရာနေရာမှာ ရှင်းပြ၊ ပြောပြပေးကြဖို့ပါပဲ။