• Dec 08, 2021
ပညာရေးလောက CDM တွေ ဘာ ဆက်ဖြစ်နေကြသလဲ...?  

CDM သမားတွေဟာ အမေ့ခံ ဘဝကို ရောက်နေပါပြီ။ စစ်ကောင်စီက ဖိနှိပ်တာ၊ လှူဒါန်းမှုတွေကို ဖြတ်တောက်တာ၊ ဘဏ်အကောင့်တွေ ပိတ်တာတွေကြောင့် ထောက်ပံ့မှုတွေဟာ ထင်သလောက် ခရီးမရောက်နိုင်တော့သလို တစ်ဖက်မှာလည်း လက်နက်ကိုင် တော်လှန်နေကြသူတွေကို ထောက်ပံ့နေကြရတော့ CDM ဘက်ကို အားနည်းသွားခဲ့ရပါတယ်။

  • Dec 03, 2021
"နအဖ စစ်တပ် အမြစ်ဖြတ်ရမယ်"

အိမ်မှာ ဖုန်းထိုင်သုံးနေတဲ့ မိန်းကလေးကို သေနတ်ကိုင်ထားတဲ့ စစ်သားတွေ ဖမ်းခေါ်သွားပြီး ရိုက်နှက်နေတဲ့ မြင်ကွင်း။ ဒီလို ဖြစ်ရပ်မျိုးတွေဟာ ပြန်ကြားရလို့သာ သိရတာ။ မမြင်ရ၊ မကြားရတဲ့ တိုင်းရင်းသားဒေသက ရွာတွေ၊ နယ်တွေမှာ ဘယ်လောက်ထိ ဆိုးရွားနေမလဲဆိုတာကို ခန့်မှန်း မကြည့်နိုင်လောက်စရာပါပဲ။

  • Nov 20, 2021
ဆာဆာကာဝါ အကျိုးဆက်သက်ရောက်မှု

မြန်မာစစ်တပ်ဟာ စစ်မှုထမ်းဟောင်းတွေ၊ ထောက်ပို့တွေနဲ့ လေတပ်သားတွေအပြင် တပ်မတော် အား/ကာ သိပ္ပံက လူတွေကို လုံခြုံရေးအတွက် အသုံးပြုနေရချိန်။ ဒီချိန်မှာ နဂိုက ရခိုင်မှာ အားစိုက်ထည့်ထားရတဲ့ ရှေ့တန်းတပ်တွေ ပြန်လာတာက မင်းအောင်လှိုင်စစ်တပ်အတွက် အားတစ်ခုပါပဲ။

  • Nov 08, 2021
လိုကယ် ပီဒီအက်ဖ်များသို့... 

တိုက်ပွဲက ကြာဦးမှာဖြစ်လို့ မခံချင်စိတ်၊ ခံပြင်းစိတ်တစ်ခုတည်းနဲ့ စစ်ကောင်စီကို ရေရှည်တောင့်ခံနိုင်ဖို့ အပြင်းအထန် ရုန်းကန်ကြရလိမ့်မယ် ထင်ပါတယ်။ ဒီအတွက် အပြင်က မြင်ရတဲ့ အခြေခံကျတဲ့ အချက်လေးတွေကို ပြောပါရစေ။ အထူးသဖြင့်တော့ သတင်းထုတ်ပြန်ရေး၊ သတင်းစုဆောင်းရေး၊ လုံခြုံရေးနဲ့ စုပေါင်းအင်အား ရရှိနိုင်ဖို့ပါ။

  • Nov 08, 2021
ရှက်သင့်တဲ့ စစ်ကောင်စီ ထောက်လှမ်းရေး

ပြောရရင် စစ်ကောင်စီ ရထားတဲ့ သတင်းအချက်အလက်တို့၊ ထောက်လှမ်းရေး သတင်းတို့က တလွဲကြီးဖြစ်နေပြီး မျောက်မီးခဲကိုင်မိသလို ဖြစ်တော့တာ။ တကယ်ဆို သူ့ ထောက်လှမ်းရေး အဖွဲ့ရဲ့ ရှက်စရာအကောင်းဆုံး လုပ်ရပ်လို့တောင် ပြောလို့ရတယ်။ ရထားတာက အာဏာမသိမ်းခင်က အချက်အလက်ကြီး။

  • Oct 16, 2021
မီဒီယာက စင်တင်ပေးတဲ့ အန္တရယ်  

‘သူပြောတာ နားထောင်ပေးရမှာပေါ့၊ နှစ်ဖက်အသံ ထည့်ပေးရမှာပေါ့’ လို့ ဆိုပြီး မီဒီယာတွေက ဟိုဘက်ဒီဘက် အသံတွေပါအောင် ထည့်ပေးရာကနေ ငတုံးတွေ၊ အစွန်းရောက်တွေ၊ ဂေါက်ကြောင်တွေရဲ့ အသံတွေက မီဒီယာမှာဝေဝေဆာဆာ ပါလာရော။

  • Sep 05, 2021
အန်ယူဂျီ၊ ပီဒီအက်ဖ်နဲ့ ပြောရေးဆိုခွင့်ရှိသူ

နားမလည်နိုင်တာက အန်ယူဂျီကို လူတွေက ထောက်ခံထားပြီးပြီပဲ။ ဒါကို ဘာလို့ အတင်းကြီး မိုတီတွေစွတ်ပေးပြီး သူတို့ကို ထောက်ခံထားတာဟာ သင့်တော်ကြောင်း ခဏခဏ ပြချင်နေတာလည်းဆိုတာ စဉ်းစားမရဘူး။

  • Aug 25, 2021
ပီဒီအက်ဖ်၊ အန်ယူဂျီကြား အချိတ်အဆက် နဲ့ အရှိတရား  

တော်လှန်ရေး အစိုးရ ဆိုပေတဲ့လို့ တော်လှန်ရေး မလုပ်နိုင်ဘဲ အစိုးရအလုပ်တွေကိုသာ လုပ်နေရတယ်လို့ သဘောပေါက်ပါတယ်။

  • Aug 23, 2021
ဂျင်း ထည့်ခံနေရတဲ့ အဘ တွေနဲ့ ပို ယုတ်မာလာတဲ့ အောက်ခြေတပ်များ

လက်တွေ့မှာ အဘ တွေပြောသလောက် မလွယ်ဘူးဆိုတာ နေ့စဉ် လုံခြုံရေးလှည့်နေရတဲ့ အောက်ခြေတပ်တွေ အသိဆုံးပါပဲ။ ဆိုတော့ အောက်က နယ်မြေခံတပ်တွေဟာ အဘ တွေကို ရီပို့တင်ရင် မျက်နှာပန်းလှအောင် ဇာတ်လမ်းတွေ ရိုက်ပါတော့တယ်။ ဖြစ်ရပ်တွေနဲ့ ကြည့်ရအောင်ပါ။

  • Aug 16, 2021
မီဒီယာ ကြောင်သူတော်များ

အာဏာသိမ်းလိုက်ပြီးတော့ သတင်းဌာန ၅ ခု ပိတ်သိမ်းခံရတယ်။ မဇ္စျိမ၊ ဆဲဗင်းဒေး၊ မြန်မာနောင်း၊ ဒီဗွီဘီနဲ့ ခေတ်သစ်။ ဆဲဗင်းဒေးကတော့ လုံးဝ ဖျက်လိုက်တယ်။ ဒီဗွီဘီ၊ မြန်မာနောင်းနဲ့ ခေတ်သစ်ကတော့ ဆက်သွားတယ်။ ပြောစရာရှိတာက မဇ္စျိမ။