စ, စချင်းတုန်းက "အဲ့နေရာမှာ ကြေးခေတ် (Bronze Age) တုန်းက သင်္ချိုင်းတခုရှိတယ်" ဆိုတော့ အံ့သြမိတယ်။ စာတွေ ပေတွေထဲမလည်း မဖတ်ဖူးဘူး၊ သမိုင်းနဲ့လည်း အဆက်ပြတ်၊ ရှေးဟောင်းပညာနဲ့ကလည်း ဝေးလေတော့ ပုံတောင်၊ ပုံညာလောက်ကိုပဲ စာထဲ တွေ့ဖူးတာ။ ကြေးခတ်သင်္ချိုင်းဆိုတာ ရှိပါ့မလားပေါ့ ...